Main menu

Background

ပြည်ပဲမျိုးစုံဈေးကွက်မှာ ဇူလိုင်လ တတိယပတ်အတွင်း အခြားပဲများ ဈေးငြိမ်အရောင်းအဝယ်အေးသော်လည်း ပဲတီစိမ်းသစ်က ဈေးကောင်းရနေ

Wed, 07/30/2014 - 08:49 -- ydnar

 
ဇူလိုင်လ တတိယပတ် ပြည်ပဲမျိုးစုံ ဈေးကွက်မှာ မတ်ပဲ၊ ကုလားပဲ၊  ပဲကြီး သီးနှံများမှာ ပဲအဝင် သိပ်မရှိတော့ဘဲ လက်ကျန်ပဲ များနဲ့သာ အရောင်းအဝယ် ဖြစ်နေသလို ပဲစင်းငုံသီးနှံမှာလည်း ရန်ကုန်ဝယ်လက် ဝယ်ယူတဲ့ရက်မှာ လက်ကျန်ပဲများ အရောင်း အဝယ်ဖြစ်ခဲ့ ကြပါတယ်။ ပဲတီစိမ်းအသစ်များ

ယခုတစ်ပတ်မှာ ပန်းတောင်း၊ ကံမ၊ ပေါက် ခေါင်း၊ ပေါင်းတလည်မြို့နယ်များမှ စတင်ရောက်လာခဲ့ပြီး လိုင်းသမား များအဝယ်မရှိသေးဘဲ လှောင်လက် သမားများမှသာ ဝယ်ယူလျက် ရှိခဲ့ပါ တယ်။ ယခင်နှစ်က ပဲတီစိမ်းသီးနှံမှာ အဖွင့်ဈေးအနေနဲ့ ၂၂၀၀၀ ကျပ်သာရရှိ ခဲ့သော်လည်း ယခုနှစ် ပဲတီစိမ်းသစ် အဖွင့်ဈေး ကတော့ တစ်တင်းကို၃၈၅၀၀ ကျပ်ထိ သိသိသာသာ ဈေးပိုရနေတယ် လို့ သိရပါတယ်။ မတ်ပဲသီးနှံကတော့ အဝင်သိပ်မရှိ ဘဲတစ်ခါတစ်ရံ ပေါက်ခေါင်း၊ ပန်း တောင်းမြို့နယ်များမှ လက်ကျန်ပဲအချို့ ဝင်ရောက်လို့ အိတ် ၁၅၀ ကျော်အဝင် ရှိသလို ရန်ကုန်ဝယ်လက် ဝယ်ယူတဲ့ ရက်များမှာ ဝင်ရောက်တဲ့ပဲရော၊ လက် ကျန်ပဲများပါ ထုတ်ရောင်း ချခဲ့ရတာ ကြောင့် အိတ် ၃၀၀ ကျော် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ မတ်ပဲဈေးမှာလည်း ယခင်နှစ်က ဇူလိုင်လအတွင်း တစ် တင်း ၁၉၅၀၀ ကျပ်သာရရှိခဲ့ပေမဲ့ ယခုနှစ်မှာတော့ တစ်တင်း ၂၇၆၀၀ ကျပ်အထိ ဈေးကောင်းရနေခဲ့ပါတယ်။ ပဲစင်းငုံသီးနှံမှာ ယခုတစ်ပတ်အတွင်း တစ်တင်း ၂၀၉၀၀ ကျပ်ဖြင့် ရန်ကုန်ဝယ်လက်မှ အိတ် ၂၀၀ ကျော် ၃၀၀ အထိ အချို့ရ က်များမှာ အဝယ် ရှိခဲ့ပါတယ်။ ယခုနှစ်မှာ ပဲစင်းငုံရော မတ်ပဲသီးနှံပါ ယခင်နှစ် ထက် ဈေးပိုရ နေသော်လည်း မတ်ပဲသီးနှံ က ယခင်နှစ်ထက်သိသိသာသာ ဈေးပိုရခဲ့ပါတယ်။ ကုလားပဲ သီးနှံမှာ လက်ပံတန်း၊ အုတ်ဖိုမြို့နယ်များမှ တစ်ခါတစ်ရံ အိတ်၂၀၀ မှ ၃၀၀ ထိ ဝင်ရောက်လာ ခဲ့ပါတယ်။ ပဲဈေး ကတော့ အပြောင်းအလဲသိပ်မဖြစ်ဘဲ တစ်တင်း ၁၄၉၀၀ ကျပ်နဲ့သာ ဒေသတွင်း ခွဲစက်သမားနဲ့ လက်လီသမားများသာ ဝယ်ယူ မှုရှိလို့ အိတ် ၂၀၀ ကျော် နေ့စဉ်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခုနှစ် ကုလားပဲဈေး ကတော့ ယခင်နှစ်ဈေး ထက် ဈေးလျော့ ကာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ယခင်နှစ်က ကုလားပဲ သီးနှံရဲ့ ဇူလိုင်လ ဈေးမှာတစ်တင်း ၁၇၆၀၀ ကျပ် ရရှိခဲ့တယ်လို့ သိရပါတယ်။ ပဲကြီး၊ ပဲလွန်းဖြူ၊ ထောပတ်ပဲနဲ့ ပဲပုပ်ဈေးများကတော့ ယခုလအတွင်း ဈေးငြိမ်အရောင်းအဝယ်ဖြစ်တဲ့ ပဲများ ဖြစ်ကြပါတယ်။ အရောင်းအဝယ် ဖြစ် မှုမှာလည်း ဒေသတွင်းသာ အရောင်း အဝယ်ဖြစ်ခဲ့လို့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂၅၀၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၂၀၀၀ ကျပ်၊ ဘိုကိတ် တစ်တင်း ၁၂၅၀၀ ကျပ်၊ ပဲလွန်းဖြူ တစ် တင်း ၁၆၅၀၀ ကျပ်နဲ့ ပဲပုပ်ဈေးတစ် တင်း ၂၀၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေခဲ့သလို အရောင်းအဝယ်လည်း အေးနေတဲ့ ပဲ များဖြစ်ကြောင်း သိရပါတယ်။