Main menu

Background

ချင်း

Wed, 07/30/2014 - 09:10 -- ydnar

ယခုတစ်ပတ်မှာ ပြည်ချင်းဥမဈေးမှာ တစ်ပိဿာကို ၁၅၀၀ ကျပ်မှ ၁၇၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး ချင်းဓါးလှီးသမားများနဲ့ အရောင်း သွက်လျက်ရှိနေပါတယ်။ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းဥမများ ပိဿာ ၃၀ ဝင် ၁၅ အိတ်ခန့် ဝင်ရောက် ခဲ့ပြီး ဈေးကွက် အတွ င်း ပွဲရုံများ၌ ချင်းဓါးလှီးသမားများနဲ့ လက်လီ၊ လက်ကားရောင်းဝယ်သူများ နေ့စဉ် ပိဿာချိန် ၅၀၀ ခန့် အရောင်း အဝယ်ဖြစ် လျက် ရှိပါတယ်။ ပုံမှန်စီးဆင်းတင်ပို့မှုကတော့ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် ဘက်ကို ယခုတစ်ပတ်အတွင်း ပိဿာချိန် ပျမ်းမျှ ၈၀၀ ခန့်တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။