Main menu

Background

အီးစီဘီရဲ့စစ်ဆေးချက်အရမတည်ရင်းနှီးငွေလိုအပ်ချက်ကိုဂရိဘဏ်တွေဖြေရှင်းနိုင်ကြောင်းတွေ့ရ

Thu, 07/31/2014 - 08:35 -- ydnar

 
ဂရိနိုင်ငံ ဘဏ်ကြီးလေးခုမှာ ဥရောပဗဟိုဘဏ်(အီးစီဘီ)က စစ်ဆေး တွေ့ရှိရတဲ့ မတည်ရင်းနှီးငွေလိုအပ်ချက် မှန်သမျှကို ဒီဘဏ်တွေကဖြေရှင်းနိုင်တဲ့အနေအထားရှိတယ်လို့ဂရိနိုင်ငံဘဏ်ကယ်တင်မှုနဲ့ ရန်ပုံငွေအဖွဲ့အကြီးအကဲ နဲ့ခါသီမာရီနီ သတင်းစာ တို့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောခဲ့တာကို ရိုက်တာသတင်းမှာဖော်ပြပါတယ်။

ယူရိုဇုန်ကအရေးပါတဲ့ငွေချေးဘဏ်များရဲ့ အက်ဆက် တ ဖိုးတွေကို ပြန်လည်သုံးသပ်ဖို့နဲ့ အနာဂတ်ဘဏ္ဍာ ရေးအကျပ်အတည်းအတွက် သူတို့ရဲ့ ခံနိုင်ရည်ကို အကဲဖြတ်နိုင်ဖို့အတွက် အီးစီဘီကဒေသတွင်း ကြံ့ခိုင်မှုစစ်ဆေး ချက်တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ကြံ့ခိုင်မှုစစ်ဆေးခံတဲ့အထဲမှာ ဂရိအမျိုး သားဘဏ်၊ Piraeus Bank, Euro-bank Ergasiasျ နဲ့ အယ်လ်ဖာဘဏ် တို့ပါဝင်ပါတယ်။ ကြံ့ခိုင်မှုစစ်ဆေးရာမှ ရရှိတဲ့ရလဒ် တွေကို အီးစီဘီက နိုဝင်ဘာ ၄ရက်မှာ ဘဏ်တွေကို ကြီးကြပ်မှု မစတင် မီ အောက်တိုဘာ လလယ်မှာထုတ်ပြန်သွား မှာဖြစ်ပါတယ်။
 
''အီးစီဘီရဲ့ကြံ့ခိုင်ရည်စစ်ဆေးမှုမှာနောက်ထပ်မတည်ရင်းနှီးငွေတွေလိုအပ်တယ်လို့တွေ့ရှိနေရင်တောင်မှသူတို့ က အောင်မြင်ေ အာင် စွမ်းဆောင်နိုင် လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်''လို့ ဘဏ်ကယ်တင်ရေးရန်ပုံငွေအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် အန်နာ စတာ ရှားဆာကယ်ကရီယိုကပြောပါတယ်။ ဂရိဘဏ်လုပ်ငန်းရဲ့ ၉၀ရာခိုင်နှုန်း ကိုထိန်းချုပ်ထားတဲ့ဒီဘဏ်ကြီးလေးခုကို ဥရောပသမဂ္ဂနဲ့ အပြည်ပြည် ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့တို့ကကယ်တင်မှု ချေးငွေတွေထုတ်ပေးထားပါတယ်။ ဂရိ နိုင်ငံရဲ့ နိုင်ငံတော်ကြွေးမြီတွေကိုရှင်း ပေးပြီးတဲ့နောက် ဘဏ်လုပ်ငန်းကဏ္ဍအတွက်ဘဏ်ကယ်တင်ရေးရန်ပုံငွေ အဖြစ် ယူရိုဘီလီယံ ၅၀(ဒေါ်လာ ၆၈ ဘီလီယံ)ကို အရန်အဖြစ် ထားရှိခဲ့ ပါတယ်။ ဂရိနိုင်ငံရဲ့ ဗဟိုဘဏ်က ဒီဘဏ် ကြီးလေးဘဏ်ကို ကြံ့ခိုင်မှုနှစ်ကြိမ်စစ် ဆေးပြီးတဲ့နောက် မတည်ရင်းနှီးငွေနှစ် ကြိမ်ပြန် လည်ဖြည့်ဆည်းပေးခဲ့ပါတယ်။