Main menu

Background

မိုးလေဝသသတင်းနဲ့ကုန်သွယ်ရေး

Tue, 08/12/2014 - 09:09 -- ydnar

ယနေ့ခေတ်ကာလမှာပြောင်းလဲခြင်းတွေခေတ်စားနေပါတယ်။ ပြောင်းလဲခြင်းမှာနှစ်မျိုးရှိပါမယ်။ တိုး တက် သောေြ ပာင်းလဲခြင်းနဲ့ဆုတ်ယုတ်သော ပြောင်းလဲခြင်းတို့ဖြစ်ကြပါတယ်။ လူ့ဘောင် လူ့အဖွဲ့အစည်းမှာ ကေ တာ့ လူတွေရဲ့သဘာဝအတိုင်း မရပ် မနားတီထွင်နိုင်ကြတော့ အများအားဖြင့်တိုးတက်သော ပြောင်းလဲခြင်းရှိ တယ် လို့ယေဘုယျဆိုရမှာဖြစ်ပါတယ်။ဒါပေမဲ့သူတို့ကိုတစ်သက်လုံးထမ်းရွက်ထားရတဲ့ ကမ္ဘာကြီးကတော့ ဆုတ်ယုတ်ေ သာ ပြောင်းလဲခြင်းနဲ့ နာမကျန်းဖြစ်နေရှာပါတယ်။  မြေပေါ်မှာလည်း မြေပေါ်၊ မြေအောက်မှာလည်း မြေအောက် မှာမို့ လို့ ရေပေါ်နဲ့လေထဲ နေရာအနှံ့ဒဏ်ရာဒဏ်ချက်တွေအများ အပြားနဲ့ သည်းခံနိုင်သမျှ သည်းခံ နေ ရှာပါတယ်။ ကမ္ဘာကြီး ကတော့ သူနေ ထိုင်မကောင်းကြောင်း အရင်ကလို မဟုတ်တော့ကြောင်းကိုလူတွေသိအောင် ငလျင်တွေ လှုပ်ပြ၊မီးတောင်တွေပေါက်ပြနဲ့သူ့အစွမ်းနဲ့သူပြသနေပါသေး တယ်။ကမ္ဘာသူကမ္ဘာသားများကလည်းကိုယ်ကျိုး စီးပွား ထွန်းကားတိုးတက်ရေး နဲ့ အတ္တကာကွယ်ရေးဝါဒတွေ စွဲကိုင်ထားတော့ အိုဇုန်းလွှာ ပေါက်ပြီး နေေ ရာင် ခြည်ရဲ့ အပူရှိန်ဒဏ်တွေကိုလည်း အကာအကွယ်မပြုနိုင်ဘဲ တစ် နေ့တစ်ခြားပူနွေးတဲ့ ကမ္ဘာကြီးပေါ်မှာ ရုန်းကန် လှုပ်ရှားေ နကြပါတယ်။ အဲဒီရဲ့ဆိုးကျိုးတွေကိုလည်းဒီကမ္ဘာသူ ကမ္ဘာ သားတွေ ယနေ့ခံစားနေကြရပါတယ်။ ကမ္ဘာ ကြီး ပူနွေး လာမှုကြောင့် ပင်လယ်ရေတွေ ပိုမို ပူနွေးလာတယ်။ ဝင်ရိုးစွန်းက ရေခဲပြင်တွေအရည်ပျော် နှုန်းမြန်လာတယ်။ သူ့ကို မှီခိုနေတဲ့သဘာဝပတ်ဝန်းကျင်အပင်နဲ့ သက်ရှိ သတ္တဝါတွေ ဆက်လက် အသက်ရှင်ရပ် တည်ဖို့ အခက်တွေ့ လာ တယ်။ ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာပြီး အချို့ကျွန်းတွေ ရေအောက် ရောက်သွား တယ် ။ရေအောက်မှာ အပူရှိန်အပြောင်း အလဲကြောင့် ဆူနာမီလိုသမုဒ္ဒရာ ကြမ်း ပြင် ငလျင်ကြီးတွေ ဖြစ်ပြီး လူတွေရဲ့ အသက်အိုးအိမ်ကို ခြိမ်းခြောက်လာ တယ်။ တောမီးတွေ လောင်တယ်။ သဲမုန်တိုင်းတွေ တိုက်တယ်။ ပုံမှန်မိုးရွာရမဲ့ ကာလမှာ မိုးက မရွာဘူး။ နေအပူချိန်တွေ မြင့်တက် လာတယ်။ ခရမ်းလွန်ရောင်ခြည်တွေက လူတွေရဲ့ အရေပြား ကျန်းမာရေးကို ခြိမ်းခြောက်အန္တရာယ်ရှိလာတယ်။ဒီနှစ်ဆိုရင်လည်းကျွန်တော်တို့ဆီမှာမုတ်သုန်အဝင်နောက်ကျတယ်။အညာ ဒေသ မှာ အပူချိန်တွေ တအားမြင့်ပြီး သက်ကြီးရွယ်အိုနဲ့ လူသူကျွဲနွားတွေ အသက်ဘေးထိခိုက်တယ်။ဒါတွေကိုလည်းမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမီဒီယာ များမှသတိပေးပြောကြားနေတာ တွေ့ ရပါ တယ်။အယ်နီညိုဖြစ်နိုင်တယ်။ မုတ်သုန်အဝင်နောက်ကျပြီးအထွက်စော မယ်။ အပူချိန်တွေ မြင့်မြင့်မားမား ခံစားရနိုင် တယ်။မိုးလွန်ကာလမှာမိုးများမယ်ရေကြီးမယ်မုန်တိုင်းတွေ လည်း ဖြစ်ပေါ်တတ်တယ် လို့မကြာခဏ သတိ ပေးထား တယ်။ အရင်က မိုးလေဝသ သတင်းဆို ရင် ကိုယ်နဲ့မဆိုင်သလို နေတတ်ကြတယ်။ နွေအခါမို့ နေပူတာဘာဆန်း သ လဲ၊ မိုးရာသီ မိုးရွာတာ ထည့်မပြောနဲ့ ဒီလို ဖာသိဖာသာနေလာခဲ့ကြတယ်။ ခုခေတ်တော့မရတော့ဘူး၊ ကမ္ဘာ သူကမ္ဘာသားတွေရဲ့ ဖောက်ပြန်မှု၊စီးပွား ရေး လောဘဇော တိုက်မှုကြောင့် ရာသီဥတုတွေသိသိသာသာပြောင်းလဲကုန်ပြီ နွေရာသီမှာ အပူလွန်ကဲတယ်။ ဆောင်းရာသီမှာ မခံနိုင်ေ အာင် အေး တယ်၊ မိုးရွာရမဲ့ အချိန်မရွာဘူး၊ မလိုတဲ့ အချိန် မိုးတွေ ဒလဟောရွာချတယ်။ လူတွေအရင်လို မိရိုးဖလာ စီစဉ်တကျ စိုက်မယ်၊ပျိုးမယ်၊ အောက်ရေ စောင့် မယ် ဆိုတဲ့ ပုံမှန် ချိန်သားကိုက် တိုင်ပင် တွေမမှန်တော့ဘူး။ အဲဒီမှာ စိုက်ပျိုးရေး ကုန်ထုတ်လုပ်ငန်းတွေ ကမောက်ကမ ဖြစ်ကုန်တယ်။သီးနှံတွေအထွက်လျော့ ပြီး အရည်အေ သွးတွေ ထိခိုက်ကုန် တယ်၊ ပိုးမွှားတွေ ကျရောက်တယ်။ စက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများမှာလည်း ရာသီဥတုကမမှန်ရင်စက်ရုံအလုပ်ရုံတွေမှာအလုပ်ပျက် သူ တွေများလာပြီး ကုန်ထုတ်လုပ်မှု စွမ်း အားတွေလျော့၊ပမာဏတွေကျပြီးဝင်ငွေ တွေ ထိခိုက်ကုန်တယ်။ လမ်းေ တွ တံတားတွေပျက်စီး၊ ယာဉ်အဝင် အထွက်တွေမမှန်၊ ပို့ရမဲ့ကုန်ချောတွေ မပို့နိုင်၊ လက်ခံရမဲ့ ကုန်ကြမ်းတွေ အချိန်မီ မရောက်နိုင်နဲ့ ကုန်သွယ်မှု ပမာဏကြီး တစ်ခုလုံးမှာ အနည်းနဲ့ အများဆိုသလို ထိခိုက်ကြရပါတယ်။ ဘယ်သူမပြု မိမိမှုဆိုသလို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်နိုင် အောင်လုပ်တာလည်းဒီလူတွေပါပဲ။ အဲဒီ အကျိုး ဆက် အရ ရာသီဥတု ဖောက်ပြန်တော့ ရာသီဥတုကို အပြစ် တင်တာလည်း ဒီလူတွေပါပဲ။ ဒါကြောင့် ရာသီဥတုထူးခြားတိုင်း ပြောင်းလဲမှုရှိတိုင်း မိုးလေဝသနဲ့ ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနကအချိန်နဲ့ တစ်ပြေးညီထုတ်ပြန် ကြေငြာပေးနေပါ တယ်။ လူတိုင်းနဲ့သက်ဆိုင်တဲ့ သတင်း များ ဖြစ်ကြပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ စီးပွားရေး၊ကုန်သွယ်ရေး လောကသားများအတွက်သုံးမယ်ဆို ရင်အလွန်အသုံးဝင်တဲ့အချက် အလက် များ နဲ့ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် နိုင်ပါတယ်။ နောင်လာ နောက်သားတွေ အတွက် ထားခဲ့ရမဲ့ ကမ္ဘာကြီးကို ကျန်းမာစွာ လန်းလန်းဆန်းဆန်းနဲ့ ထား ရစ် နိုင်ဖို့ ကမ္ဘာကြီးအတွက်ဒဏ်ရာအနာ တရဖြစ်စေမဲ့ လုပ်ငန်းတွေလျော့ပြီး မိုး လေဝသသတင်းများကို မှန်မှန် နား ထောင် လိုက်နာရင်းကုန်သွယ်မှုလုပ်ငန်း များ အရှိန်အဟုန်မပျက် လည်ပတ်နိုင် ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။