Main menu

Background

အင်တာနက်အချိတ်အဆက်

Tue, 08/12/2014 - 09:36 -- ydnar

 
ဧပြီလ တစ်ညတွင် အိုဟိုင်းယိုး ပြည်နယ်ရှိ အိပ်ခန်းတွင် အိပ်ပျော် နေကြသော ဇနီးမောင်နှံ နှစ်ဦးသည် ''အချစ်ရေ- -- ထေ လ''ဟူသော အမျိုး သား တစ်ယောက်၏ အသံကြောင့် အိပ်ရာမှလန့်နိုးလာခဲ့သည်။ ခင်ပွန်းဖြစ် သူက အသံလာရာကိုလိုက်ရှာသောအခါ သမီးအိပ်နေစဉ် ကြည့်ရှုနိုင်ရန်

အင်တာနက်နှင့် ချိတ်ဆက်ထားသော ကင်မရာ မှထွက်လာကြောင်း တွေ့ရ သည်။ သမီးအခန်းထဲ ဝင်သွားသော အခါကင်မရာကသူ့ဘက်လှည့်လာပြီး ညစ်ညမ်း  ပုံတွေ တစ်ပုံတစ်ခေါင်းကြီး ထွက်ကျလာသည်။ ဤအဖြစ်မျိုးကို ယခင်နှစ်က အခြားမိသားစုတစ်စုလည်း ကြုံတွေ့ ဖူးသည်။အလားတူအဖြစ်မျိုး ထပ်မံမဖြစ်ပွားစေရန်ကုမ္ပဏီက ၎င်းတို့၏ ကွန်ပျူ တာအစီအစဉ်များကို အမြဲ အဆင့်မြှင့် ထားကြရန်တိုက်တွန်းခဲ့သည်။မိမိအသုံးပြုနေသောစကားဝှက်ကိုအခြား သူများရသွားနိုင်သဖြင့် အမြဲတမ်း အပြောင်း အလဲလုပ်ကြရန်လည်းမေတ္တာ ရပ်ခံခဲ့သည်။သို့သော်သူတို့ကမလုပ်ခဲ့ကြ၊ ပထမအကြိ မ်၎င်းတို့ ၏ ကွန်ရက်ကို အခြားသူများချိုးဖောက်ဝင်ရောက်ပြီးနောက်ကုမ္ပဏီက ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ကြပါသော်လည်းအင် တာနက် ကွန် ရက်ကိုကာကွယ်စောင့် ရှောက်နိုင်ခြင်းမ ရှိခဲ့ပေ။ နောင် ဆိုလျှင် ထိုသို့သော အဖြစ် တွေပိုများလာနိုင်သည်ဟု ပညာရှင်များကခန့်မှန်းကြသည်။ ယခု ၂၁ ရာစုနှစ် အကုန်တွင် အင်တာနက်နှင့်ချိတ်ဆက်ထားမ၅၀ ဘီလီယံရှိ ည်။ သူတို့သည်ကင်မရာများ ၊ မော်တော်ကား များ၊ ရေခဲ သေတ္တာများ၊ ရုပ်မြင်သံကြားများအပါအဝင် လူအများသုံး စွဲနေသောပစ္စည်းများကိုအင်တာနက်နှင့်ချိတ်ဆက်ထားမည်ဖြစ်သည်။ ထိုကွန်ရက်အသစ်သည်အလွန်အသုံး ဝင် သည်၊ မော်တော်ကားမောင်း နေစဉ်အီးမေးလ်ဖတ်စာတိုတွေပို့နိုင် မည်။ ရေခဲသေတ္တာတွေက လျှပ်စစ် ဓာတ်အား သုံးစွဲမှုကိုအတိုးအလျှော့လုပ်ပေးနိုင်မည်။ ဆရာဝန်ေ တွကလူနာများထံအရောက်သွားစရာမလိုဘဲ အဝေးကနေ ပြီး စောင့်ကြည့်နိုင်မည်။ အိမ်မှာရှိနေသည့် ရုပ်သံ မျက်နှာ  ပြင်တွေမှ အသုံးဝင်သော သတင်း အချက် အလက်ေ တွအားလုံးတွေ့ရမည်။ ယခုဆိုလျှင် တောင်ကိုရီးယား ရှိမြို့ ကြီးများသည် ၎င်းင်းတို့၏ အခြေခံ အဆောက်အအုံကို အင်တာနက်ကွန်ရက်နှင့် ချိတ်ဆက်ကာ ဝန်ဆောင်မှုထိရောက်ကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။ သို့သော်လုံခြုံရေးကျွမ်းကျင်သူများကတော့ စိုးရိမ်တကြီး သတိပေး ချက်တွေထုတ်ပြန်နေကြသည်။ အင်တာ နက်နှင့် ကွန်ရက်တွေချိတ်ဆက်တာက တခြား၊ လုံခြုံရေးကတခြားဖြစ်သည်။ အများပြည်သူလုံခြုံရေးအတွက် ပိုမို သတိထားရန်လှုံ့ဆော်နေကြသည်။ကွန်ပျူတာ ကိုအတိုက်အခိုက်ခံရလျှင် အန္တရာယ်မကြီးသော်လည်း အင်တာနက် ကွန်ရက်နှင့်ချိတ်ဆက်ထားသောမော်တော်ကားကိုအတိုက်အခိုက်ခံရလျှင်သေလောက်အောင်အန္တရာယ်ကြီးသည်။ ထိုသတိပေးစကားများသည်ကြောက်လနျိ့နေအောင်တမင်သက်သက်ခြောက်လှန့်ခြင်းဟုထင်ရသော်လည်း သုတေ သီတွေကအချို့သော မော်တော်ယာဉ်များသည်အင်တာနက်ကွန်ရက်မှတိုက်ခိုက်မှုကိုခံရနိုင် ကြောင်းထောက်ြ ပကြ သည်။ခေတ်ပေါ်ကားများတွင် အင်ဂျင်၊ ဘရိတ်စသည် တို့ကိုအသေးစား ကွန်ပျူတာများဖြင့်ထိန်းချု ပ် ထားရာပြင်ပက ဝင်ရောက် နှောင့်ယှက်ပြီး မော်တော်ယာဉ်တိမ်း မှောက်စေရန် ဆောင်ရွက်နိုင်သည်။ထိုကိစ္စ ကို မော်ေ တာ် ယာဉ် ထုတ်လုပ်သူတွေကစိတ်ဝင်စားကြသည်။၎င်းတို့၏ စမ်းသပ်ချက်အရဘီးတွေကို တစ်ဖက်လှည့်၊အင်ဂျင်ကို ရုတ်တ ရက် ရပ်ပစ်လျှင် ယာဉ်မောင်းသူဒုက္ခရောက် နိုင်သည်။ မော်တော်ယာဉ်ကိုထိန်းချုပ်ထား သောအင်တာနက် ကွန်ပျူ တာတွင် ဝငှ ရောက်နှောင့်ယှက်ရန်အလွန်ခက်ခဲ သည်။အထူးသဖြင့်အင်ဂျင်နှင့် ထိ တွေ့ရန်ခက်သဖြင့် ကားကိုေ မှာက်ပစ်ရန် မလွယ်လှဟု ဆိုသည်။ သို့သော်လည်း နည်းပညာ တိုးတက်မှုမှာ အလွန်လျင်မြန်စွာ တိုး တက် နေ ရာယခုနှစ်ဆန်းကစင်ကာပူနိုင်ငံတွင်၂၅ဒေါ်လာပင်မကုန်သည့်လက်ကိုင်ဖုန်းအရွယ်ကိရိယာတစ်ခုသုံး ၍ မော်တော် ကားကိုချိတ်ဆက်ထားသည့်ကွန်ရက်ကိုဝင်ရောက် နှောင့်ယှက်နိုင်ကြောင်း ပြသခဲ့သည်။အလားတူ ပင်ကျန်းမာရေး အတွက်ကွန်ပျူတာအစီအစဉ်သုံး၍အင်ဆူလင်ဆေးထိုးသည့်ကွန်ရက်ကိုလည်းဝင်ရောက်နှောင့်ယှက်နိုင် ကြောင်း   ပြသခဲ့ သည်။ ပြင်ပမှဝင် ရောက်နှောင့်ယှက်သူကကိုယ်ထိုးရမည့် အင်ဆူလင်ပမာဏ ကို အင်တာနက်မှတစ်ဆင့် အတိုးအလျှော့ပြုလုပ်နိုင်သည်။ ခေတ်ပေါ်ဆေးဝါးနည်း ပညာများသည် ကွန်ရက်ချိတ် ဆက်မှု မှ ပေါ်ပေါက်လာနိုင် သည့်အန္တရာယ်များကိုပြည့်ပြည့်၀၀ဖြေရှင်းခြင်းမပြုနိုင် သေးပေ။ကျန်းမာရေးအသုံးအဆောင်များတွင်အလွန် လွယ်ကူ ရှင်းလင်းသော အားနည်းချက်ေ တွရှိနေသည်။ တစ်နည်းအားဖြင့် နောက်ဖေးေ ပါက်တွေရှိနေသည် ဟု သုတေသီေ တွကိဆိုသည်။စကားဝှက်တွေလည်း စိတ်မချရ၊ဓာတ်မှန်ရိုက်စက်တွေကအသုံးပြုသည့် ဓာတ် ရောင်ခြည်ကို လည်း အတိုးအလျှော့လုပ်၍ရသည်။ထိုအားနည်းချက်တွေကို ပြုပြင်ရန် ကြိုးစားနေဆဲဖြစ်သည်။ထိုသို့သောစိုးရိမ် စရာတွေ ရှိနေ သော်လည်းယခုအထိ မော်တော်ကား မှောက်သော၊ ဆေးပစ္စည်းကိရိယာတွေမတော်မလျော်ဖြစ်အောင် လုပ် သည့်ကိစ္စမျိုးတစ်ခုမှမရှိသေးပေ။သို့ဖြစ်ရာခြောက်လုံးလှန့်လုံးတွေသုံး၍လုံခြုံရေးအသုံးအဆောင်တွေရောကာင်း အော င်လုပ်နေခြင်းဖြစ်သည်ဟူသော စွပ်စွဲချက်များရှိနေသည့်တိုင် အမှန်တကယ် အန္တရာယ်ရှိနို င်ကြောင်း သုတေသီ တို့ကဆိုကြသည်။မီးသီးလို၊ တံခါးသော့လို အသေး အမွှားပစ္စည်းများထဲတွင် အသေးစား ကွန်ပျူတာေ လးတွေ ထည့်ကာ ကြိုးမဲ့ ဆက်သွယ်မှုများလည်း ပြုလုပ်နိုင်သည်။ သို့သော်အသေးစားပစ္စည်း များက လုံခြုံစိတ်ချ မှုရှိစေ ရန် ဆောင်ရွက်နိုင်စွမ်းမရှိပေ။ တန်ဖိုးနည်းပစ္စည်းများကိုဈေးကြီးသောလုံခြုံရေးပစ္စည်းများ ထည့်သွင်းကြမည့် အလား အလာလည်း နည်းပါးသည်။ပစ္စည်းတွေကို ထောင်သောင်း ချီ၍ထုတ်လုပ်ခြင်းဖြစ်ရာ ပစ္စည်းတစ်ခု ၏ အားနည်း ချက်ကိုတွေ့လျှင်အခြားပစ္စည်းများကိုလည်းဝင်ရောက်နှောင့် ယှက်နိုင်သည်။ ကြိုးမဲ့အိမ်သုံးကွန်ရက် (Routens)များ တွင် ဤပြဿနာကို တွေ့နေရ သည်။ အမေရိကန်၊ အိန္ဒိယ၊ အီတလီ၊ ဗီယက်နမ်တို့ရှိ အိမ်တွင်းသုံးကြိုးမဲ့ ကွန်ရက် သုံးသန်းခန့်သည်လုံခြုံမှုမရှိ။ ၂၀၁၂ ခုနှစ်တွင်ဘရာဇီးရှိမသမာသူ တွေက ကြိုးမဲ့ကွန်ပျူတာကွန်ရက် ၄ ဒသမ၅ သန်း ကိုထိန်းချုပ်ကာရရှိသော သတင်းအချက်အလက်များဖြင့်ဘဏ် စာရင်းများကို ရယူရန်ကြိုးစားခဲ့သည်။ အနာဂတ်တွင် အချင်းချင်းချိတ်ဆက်ထားသောကွန်ပျူတာအသေးစားများကိုအိမ်များတွင်အများဆုံးတွေ့ရမည်။အိမ်များတွင်ကွန်ပျူတာ ငယ်များကို များများသုံးလာလေ ချိုး ဖောက်ဝင်ရောက်လိုသူတွေကအကြိုက် တွေ့လေဖြစ်မည်။ အိမ်ေ တွ၊ ရေခဲ သေ တ္တာတွေ၊ ရုပ်သံလိုင်းတွေကိုချိတ် ထားသည့် ကြိုးမဲ့ကွန်ရက်ကိုဝင်ရောက် နှောင့်ယှက်သည့် သာဓကတွေတွေ့နေ ရသည်။ အကြမ်းဖက်သမားတစ်ယောက် က ရေနွေးအိုးကို အပူချိန်မြင့်အောင် လုပ်ကာ ဖောက်ခွဲပစ်နိုင်သည်။ ကုမ္ပဏီတွေကလေအေးပေးစက်၊အပူပေးစက်၊လေဝင်လေထွက်စနစ်တွေ၏ကွန်ပျူတာထိန်းချုပ်မှုတွင်အားနည်းချက်ေ  တွရှိ နေသည်။ သို့ဖြစ်ရာ အချို့ကုမ္ပဏီများက အစကတည်းကပင် မိမိတို့၏ ထုတ် ကုန်များတွင် လုံခြုံရေးအစီအစဉ် များ ကိုထည့်သွင်းရန်ကြိုးစားနေကြသည်။ သို့သော်လည်း ဧရာမပြဿနာတစ်ခုခု ပေါ်ပေါက်ပြီးမှ ဖိဖိစီးစီးဆောင်ရွက် လာနိုင်သလိုစားသုံးသူများ၊ ဖောက်သည်များကတောင်းဆိုလျှင် မြန်မြန်ဆန်ဆန် ဆောင်ရွက်လာနိုင်သည် ဟူ သော ခန်မှန်းချက်များလည်းရှိနေသည်။
 
(economist.com)