Main menu

Background

Italian Products Expo 2014 ပြပွဲကျင်းပ

Wed, 08/13/2014 - 08:55 -- ydnar

 
Italian Products Expo  2014 ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော် ခန်းမ၌ ၂၀၁၄ခုနှစ်၊ သြဂုတ်လ၇ရက်နံနက် ၈း၃၀နာရီ အချိန်တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ ၊ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌဦးဝင်းအောင်၊

ယန္တရား ထရေးဒင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်စိုး၊ Prometeo Srl Italy  နှင့် General Manager Mr. Paolo Bricgi မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံး မှDeputy head of Mission, Ms Chiara Maur တို့ကဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပါသည်။ထို့နောက်ရန်ကုန်တိုင်းဒေ သကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များမှပြခန်းများအတွင်းလှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။အဆိုပါပြပွဲ၌အီတ လီနိုင်ငံထုတ်လယ်ယာသုံးစက်ကိရိယာများ၊အလှကုန်ပစ္စည်းများ၊အိမ်အသုံးဆောင်၊ဟိုတယ်သုံး၊ရုံးသုံးပရိဘောဂ ပစ္စည်း များ၊ မီးဖိုဆောင်သုံးပစ္စည်းများ၊ စက်မှု လုပ်ငန်းသုံးပစ္စည်းများ၊ ဆိုင်ကယ် များ၊ ဆောက်လုပ်ရေး လုပ်ငန်း သုံး အလှဆင် ပစ္စည်းများ၊ အဝတ်အထည်များ၊စား သောက်ကုန်နှင့် အချိုရည်များစသည့်တို့ကို ပြခန်းပေါင်း ၁၀၀ ကျော်ဖြင့် ခင်းကျင်းြ ပသကြပါသည်။ ပြပွဲကို သြဂုတ်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့ထိ ၄ ရက်တိုင်တိုင်ကျင်းပခဲ့ရာ စိတ်ပါဝင်စားသူလုပ်ငန်း ရှင်နှင့်အများပြည်သူ များ လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။