မြန်မာနိုင်ငံသည် အာဆီယံ-ဂျပန်စင်တာအဖွဲ့ဝင်ဖြစ်ပြီးနောက်ပိုင်းအာဆီယံ-ဂျပန်စင်တာမှကျင်းပသည့်ကုန်စည်ပြပွဲ များ သို့လာရောက်ရန်အတွက်အာဆီယံ-ဂျပန်စင်တာကျွမ်းကျင်သူများမှ မြန်မာနိုင်ငံသို့လာ ရောက်ပြီး၊အရည် အေ သွး ပြည့် မီသောကုမ္ပဏီများအား ရွေးချယ်၍ ကုန်စည်ပြပွဲများသို့ တက်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပါတယ်။ ထို့ပြင်ြ့မန်မာနိုင်ငံကို ကျွမ်းကျင်ပညာရှင်များလာရောက်၍ ဂျပန်ဈေးကွက်၏ ကြိုက်နှစ်သက်သည့်ပုံစံ၊ ဂျပန်ပြည်သူများ၏ စားသောက်မှု ဓလေ့ ထုံးစံများ၊ စံချိန်စံညွှန်း သတ်မှတ် ချက်များကိုလည်း လာရောက်ဆွေး နွေးပို့ချပေးလေ့ရှိပါတယ်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ASEAN Showcase and BusinessMatchingပြုလုပ်ကျင်းပမှာဖြစ်ပါတယ်။အဆိုပါပြပွဲသို့ ဂျပန်ဈေးကွက်နှင့်ကိုက်ညီမှုရှိသည့် မြန်မာ့စားသောက် ကုန်လုပ်ငန်းရှင်များသွားရောက်ပြသနိုင်ရေးအတွက်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်မှုမြှင့်တင်ေ ရးဦးစီးဌာနနှင့်အာဆီယံ-ဂျပန်စင်တာတို့ပူးပေါင်း၍ဂျပန်စားသောက်ကုန်ကျွမ်းကျင်ပညာရှင်တို့လာ ရောက်ပြီး အလုပ်ရုံေ ဆွးနွေးပွဲတစ်ရပ်ကို၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင်ရန်ကုန်တိုင်း ဒေသကြီး၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပဉ္စမထပ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း ရဲ့ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမှအလားအလာရှိသောစားသောက်ကုန် ပစ္စည်း များ ၊တန်ဖိုးမြှင့်လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ထုတ်လုပ်သောပို့ကုန်လုပ်ငန်းရှင်များအတွက် ပို့ကုန် ပစ္စည်းအရည်အသွေးတိုး =တက်ကောင်းမွန်၍နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နို င် စေရန် ၊ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့သူများအနေနဲ့ မြန်မာ့ပို့ ကုန်ပစ္စည်းများ ဂျပန်ဈေးကွက်သို့ ဝင်ရောက်ရာတွင် သိရှိလိုက် နာရမည့်စည်းမျဉ်းများနှင့်အရည်အသွေး စံချိန် စံညွှန်းသတ်မှတ်ချက်များကို ပိုမိုနားလည်လာစေရန်နှင့် မြန်မာနှင့်ဂျပန်နှ စ် နိုင်ငံအကြား စီးပွားရေးအခွင့်အလမ်း များ ပိုမိုတိုးချဲ့နိုင်စေရန်ဖြစ်ပါတယ်။ မြန်မာလုပ်ငန်းရှင်များအနေနဲ့ အခုလို =အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်ခြင်းဖြင့် အနာဂတ်တွင်စီးပွားရေး အခွင့်အလမ်းကောငိးများ ရှာဖွေဖော်ထုတ်ပြီး၊ နိုင်ငံတကာဈေး ကွက်၌ မြန်မာ့ပို့ကုန်များယှဉ်ပြိုင်နိုင်စွမ်း ရှိအောင် ကြိုးစား ကြစေလိုကြောင်း တိုက်တွန်းလိုက်ရပါတယ်။