နယ်စပ်ဆန်ဈေး ကျဆင်းသွားပါက စီးပွားရေးတွက်ကိန်းသမားတရုတ်က မြန်မာ့ဆန်ပြန်ဝယ်နိုင်

 
ရန်ကုန်မြို့ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့လက်ကားဆန်ဈေးမှာ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ဈေးနှုန်း များ အရ ရွှေဘိုပေါ်ဆန်းဈေးမှာ၃၉၅၀၀ ကျပ်- ၄၁၅၀၀ ကျပ် ဖြစ်ခဲ့လို့ ယခင်အပတ်ထက်တစ်အိတ်ကို ၁၀၀၀ ကျပ် မှ ၁၅၀၀ကျပ်ခန့်ဈေးတက်ခဲ့သော်လည်း ကျန်တဲ့ဆန်ချောဈေးတွေက အမြင့်ဈေးမှာငြိမ်နေပါတယ် ။ ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထလတ်စတစ်အိတ်ကို၁၈၃၀၀ ကျပ်၊နွေဆန်ဈေးတစ်အိတ်ကို ၁၇၀၀၀ ကျပ်-၁၇၈၀၀ ကျပ်ဖြစ်ခဲ့ကြလို့ ယခင် အပတ်ထက်တစ်အိတ်ကို ၂၀၀ ကျပ်မှ

၄၀၀ ကျပ်ခန့် ဈေးပြန်ကျခဲ့တာ တွေ့ရပါတယ်။ဝါးတန်းဒိုင်သို့ ဆန်အဝင် အနည်းငယ်ပါးသလို ယခုရက်ပိုင်းမှာ အရောင်းအဝယ်လည်း အနည်းငယ် အေးကြောင်း၊ တရုတ်လိုင်း မူဆယ်သို့ ရန်ကုန်မှတင်ပို့မှုနည်းသွားကြောင်း၊ဆန်ချောကပြည်တွင်းမှာအစားများပြီး ဒိုင်သို့ဆန်ချောအဝင် အနည်း၊ အများ ပေါ် မူတည်ကာ ဈေးနှုန်းဖြစ်ပေါ်လေ့ ရှိပြီး ဆန်ကြမ်းမှာ တရုတ်နယ်စပ်အဆွဲ ပေါ် အဓိကမူတည်ပြီး ဈေးနှုန်းပြောင်း လဲမှုရှိနိုင်မည်ဖြစ်ကြောင်း ကုန်စည်ဒိုင် ဈေးကွက်မှ ကြားသိရပါတယ်။ နိုင်ငံ တော်အရန်ဆန်များကိုလည်း တစ်အိတ် ကို ၁၅၅၀၀ ကျပ် (ဂိုဒေါင်အထိုင်ဈေး) ဖြင့် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ မှ စတင်၍ ဝါးတန်းဒိုင်တွ င် ရောင်း ချ ပေးလျက်ရှိရာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၅ ရက်နေ့အထိအိတ်ရေ ၂၅၅၀ ခန့် ရောင်းချပြီးဖြစ်ကြောင်း သိရှိရ ပါ တယ်။ ရန်ကုန်ဈေးကွက်အတွင်းဧည့်မထ၂၅ မှတ် (ပြည်ပ) ဆန်တစ်အိတ်၅၀ကီလိုကို၁၅၃၀၀ကျပ်-၁၅၈၀၀ ကျပ် ခန့် ဈေးနှုန်းရှိပြီး ယခင်အပတ်ထက်တစ်အိတ်ကို ၂၀၀ ကျပ်ခန့် ဈေး ကျခဲ့သော်လည်း ရန်ကုန် ၤဥြ အရောင်း ငြိမ်နေေ ကြာင်း သိရပါတယ်။
 
တရုတ်လိုင်း- မူဆယ်မှာ သြဂုတ် လ ၈ ရက်နေ့ ဆန်ဈေးနှုန်း စာရင်းမထွက်ဘဲသြဂုတ်လ၅ရက်နေ့ ဈေးနှုန်း များ အရ ဧည့်မထ ၅ မှတ် နွေရှယ်တစ်အိတ် ၅၀ ကီလိုကို ၁၄၇-၁၅၁ ယွမ်၊ ဧည့်မထ ၁၀ မှတ် နွေရှယ်တစ်အိတ်ကို ၁၄၁-၁၄၄ ယွမ်ဖြင့်ဈေးငြိမ်သော်လည်းဧည့်မထ ၂၅ မှတ် ထိုင်းတစ်အိတ်ကို ၁၂၀-၁၂၂ ယွမ် ဖြစ်ခဲ့လို့ ယခင် အပတ် ထက် ၂ ယွမ် ဈေးဆက်ကျခဲ့ကြောင်း၊ သြဂုတ်လ ၈ ရက်နေ့ မူဆယ်ရှိငွေလဲနှုန်းမှာ တစ်ယွမ် ကို ၁၅၆ ဒသမ ၇၉ ကျပ်ဖြစ်ခဲ့လို့ ယခင်အပတ်ထက်သုညဒသမ၃၀ ကျပ် ဈေးအနည်းငယ်တက်ခဲ့ကြောင်း၊ ယခု အပတ်အတွင်း မူဆယ် သို့ ပြည်တွင်း နယ်စုံမှ ဆန်တန်ချိန် ၂၁၄၀၀ ခန့် ဝင် ရောက်ခဲ့ပြီး ယခင်အပတ်ထက် တန် ၈၀၀ ခန့်သာ အဝင်လျော့ ခဲ့ကြောင်း၊မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှယခုအပတ်သြဂုတ်လ၂၊၃၊၄၊၅ရက်များတွင်ဆန်ဈေးနှုန်းထုတ်ပြန်ခဲ့ပြီး တရုတ် ဘက်သို့စမ်းသပ်တင်ပို့တဲ့ဆန်ကား ၂၀ ခန့် ရွှေလီဘက်ခြမ်း တရုတ်ထဲမှာ သြဂုတ်လ ၅ ရက်နေ့ညနေက စပြီးဖမ်း လိုက်လို့ မလုပ်ရဲတော့ကြောင်း၊ ဒါကြောင့် မူဆယ်မှာ မြန်မာဆန်တွေပုံ နေပြီး ထားစရာနေရာ အခက် အခဲ နဲ့ ငွေကြေးလည်ပတ်နိုင်ရန် အခက်အခဲ အချို့ရှိလာနေကြောင်း၊ တရုတ် ပြည် တွင် ဆန်လိုအပ်ချက်အမှန်ရှိနေသော် လည်း တရုတ်ပြည်တွင်းမှာ ဆန်ဈေး ကြီးမြင့်လာမှုအား မလိုလားသဖြင့်တရားမဝင်မသိမသာတင်သွင်းခွင့်ပေး ထား သည့်ဗီယက်နမ်နဲ့ မြန်မာဆန်များအားအဖမ်းအဆီးပြလိုက်ပါကနယ်စပ်ဆန်ဈေးနှုန်းများကျဆင်းသွားလေ့ ရှိ ကြောင်း နဲ့တရုတ်မှ ဈေးကျစေလိုသော ဆန်ကိုသာအဖမ်းပြပြီး ပြောင်းကို တော့ ဖမ်းဆီးမှုမပြုပါကြောင်း မူဆယ်ဆန်ဈေး ကွက်မှ ကြားသိရပါတယ်။ မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပ တင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက် နေ့မှ သြဂုတ်လ ၁ ရက်နေ့ထိ တန်ချိန် ၄၆၆၁၆၀ ခန့်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၂ သန်းခန့် ရရှိနေကာ ယခင်ဘဏ္ဍာနှစ် ကာလတူ ထက် တန်ချိန် ၁၅၆၈၀၀ ခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄ သန်းခန့် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ နယ်စပ် ဆန်ဈေး ကျဆင်းသွားပါက စီးပွားရေးတွက်ကိန်းသမားတရုတ်က မြန်မာ့ ဆန် ပြန်ဝယ်နိုင်ပါကြောင်း ဆန်ဈေးကွက် သတင်း များအပေါ်သုံးသပ်တင်ပြလိုက် ပါတယ်။