Main menu

Background

မုံရွာကုန်စည်ဒိုင် သြဂုတ်လ ပထမပတ် ပဲဈေးကွက် အတက်အကျများပေမဲ့အရောင်းအဝယ်အေး

Wed, 08/13/2014 - 09:31 -- ydnar

 
မုံရွာကုန်စည်ဒိုင် သြဂုတ်လ ပထမပတ်ပဲဈေးကွက်မှာကုလားပဲမျိုးစုံနဲ့ စိမ်းကြီးဈေးအနည်းငယ်ကျခဲ့ပြီး စွန်တာနီ၊ ပဲကြီး၊ ငုံနီတို့ ဈေးအနည်းငယ် တက်ခဲ့ ပေမယ့် အရောင်းအဝယ် မှန်မှန် အေးအေးသာဖြစ်ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်က သိရပါတယ်။ယခုတစ်ပတ်ပဲတီစိမ်းကြီးဈေးကွက်မှာ နယ်စုံက

ပဲအဝင်ပုံမှန်ထက် လျော့ခဲ့ပြီး၊ မန်းလက်ကလည်း အဆွဲ ပုံမှန်သာရှိခဲ့ကာတစ်တင်း ၃၇၀၀၀ ကျပ်မှ ၃၆၅၀၀ ကျပ်သို့ ဈေးကျသွားတာ တွေ့ရပါတယ်။ ဒိုင်အရောင်းအဝယ်အားြ ဖင့်  တစ်ရက် အိတ် ၄၀၀ မှ ၅၀၀ ကြားခပ်အေးအေး ရောင်းဝယ်မှုရှိတယ်လို့ သိရပါတယ်။
 
ငုံနီဈေးကွက် အနေနဲ့လည်း ယခု တစ်ပတ်မှာ ပဲလက်ဝယ်ရှိသူတွေ ဈေး ခေါ်ရောင်းနေကြတဲ့အတွက်တစ်တင်း အနိမ့် ဆုံး ၂၁၉၀၀ ကျပ်ကနေ ၂၂၁၀၀ကျပ်ထိ ဈေးမြောက်လာခဲ့ပေမယ့် ရန်ကုန်နထစသမအဝယ်လက်ကတော့ ပုံမှန် သာရှိခဲ့ တယ်လို့ဆိုပါတယ်။ ငုံနီဈေးကွက်ဟာအိန္ဒိယဝယ်လိုအားနဲ့လက်ရှိရာသီငုံနီစိုက်ပျိုးဖြစ်ထွန်းမှုအခြေ အနေ တွေဆက်စပ် တွက်ချက်ပြီးလှောင်လက်တွေအဝယ်အရောင်းကစားမှုကြောင့်သာ အခုလိုတက်ေ ဈးဖြစ်ခဲ့ပေ မယ့် အရောင်းအဝယ် အားြ ဖင့်တစ်ရက် အိတ် ၅၀၀ ခန့်သာ ရှိနိုင်တယ်လို့ ပွဲရုံရပ်ကွက်က ခန့်မှန်းသုံးသပ်တာ ကြားသိရပါတယ်။ ပွဲရုံကို ဝင်လာ တဲ့ တောင်သူတွေရဲ့ သတင်းစကားအရ ဒီနှစ် ငုံနီစိုက်ပျိုးမှုဟာ မိုးမရွာလို့ ယနေ့ ထိ မစိုက်နိုင်သေးသူတွေနဲ့ စိုက်ပြီးမိုး မရလို့အပင်မဖြစ်ထွန်းသူတွေ ကများတဲ့အတွက် အထွက်နှုန်းဟာမနှစ်က ထက်ထက်ဝက်ကျဆင်းနိုင်တယ်လို့လည်း တောင် သူ၊ ပွဲစားနဲ့ ကုန်သည်တွေကခန့် မှန်းထားကြောင်း သိရပါတယ်။
ယခုတစ်ပတ် အခြားပဲမျိုးစုံဈေး ကွက်မှာတော့ ထောပတ်ပဲဟာ တစ် တင်း ၂၅၅၀၀ ကျပ်မှာ ဈေးတန့်နေပေ မယ့်၊ စွန်တာနီကတစ်တင်း ၁၇၀၀၀ ကျပ်မှ ၁၈၀၀၀ ကျပ်၊ ကသဲပဲက တစ်တင်း ၁၈၀၀၀ ကျပ်မှ ၁၈၈၀၀ ကျပ်နဲ့ ပဲနီပြားကြီး ကတစ်တင်း၁၈၅၀၀ကျပ်အသီးသီးဈေးမြောက်ခဲ့တာတွေ့ရပါတယ်။အဆိုပါပဲတွေကဒေသတွင်း နဲ့ ပြည် တွင်း ဈေး ကွက်သာရှိပေမဲ့ပဲဟောင်းလက်ကျန်လျော့လာချိန် လုပ်ငန်းသုံးသမားအဝယ်လိုက်နေလို့ အခု တက်ေ ဈး ဖြ စ်တာလို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ စီပီပြောင်းဖူးစေ့ ဈေးကွက်လည်း ယခုတစ်ပတ်မှာ ပုံမှန်သာရှိခဲ့ပြီး တစ် တင်း ၇၆၀၀ ကျပ်မှ ၁၀၀ ကျပ်ကျခဲ့ပြီး ၇၅၀၀ ကျပ်ဈေးပေါက်ခဲ့ကာ အရောင်း အဝယ်အနည်းငယ်လျော့သွားတယ်လို့ ဈေးကွက်ကဆိုပါတယ်။ ပဲဈေးကွက်ရဲ့ အဓိကအသက်သွေးကြော ဖြစ်တဲ့ ပဲမျိုးစုံ စိုက်ခင်းတွေကသဘာဝအလျှောက်မိုးကိုမျှော်ကိုးနေကြသလိုဒီပဲတွေ ရှင် သန်ဖွံ့ဖြိုး မှ ဈေးကွက်မှာ ကျယ်ပြန့်စွာ ရောင်းဝယ်နိုင်မဲ့ ပွဲစားနဲ့ ကုန်သည်တွေလည်း သက်မဲ့ပဲတွေလို မိုးကိုအတူ တူ မျှော် လျက် ရှိပါကြောင်း။