Main menu

Background

ယခင်အပတ်ထက်ဈေးအနည်းငယ်အေးပေမဲ့ အရောင်းအဝယ်သွက်လက်လျက်ရှိတဲ့ မန်းပဲတီစိမ်းကြီး

Thu, 08/14/2014 - 05:31 -- ydnar

 
မန္တလေးမြို့ပေါ်ရှိကုန်ဝယ်ဒိုင်၊ ပွဲရုံများသို့ အနယ်နယ်အရပ်ရပ်မှ ပဲတီစိမ်းကြီးများဝင်ရောက်လျက်ရှိပါတယ်။အများ အားဖြင့်ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်၊ မတ္တရာ၊ စဉ့်ကူး၊ ငါန်းဇွန်၊ ရမည်းသင်း၊ ပခုက္ကူ၊ မုံရွာ၊ချောင်းဦးစတဲ့ဒေသများမှဖြစ်ပါတယ်။၂၀၁၄ ခုနှစ် သြဂုတ်လ ပထမအပတ်မှာယခင်အပတ် (ဇူလိုင် လ နောက်ဆုံး ပတ်) ဈေးအောက် အနည်းငယ် ရောက်ပေမဲ့ သိသိသာသာတော့မဟုတ်ပါဘူး။ ယခင်နှစ်ကာလတူဈေးနဲ့ နှိုင်းယှဉ်ပါက များစွာမြင့်တက်ကြောင်း သိရပါတယ်။

 
၂၀၁၄ ခုနှစ် သြဂုတ်လ ပထမအပတ်မှာ ပဲတီစိမ်းကြီး တစ်ပိဿာ ၁၉၂၀ ကျပ် (တစ်တန် ၁၁၇၅၇၈၉ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၃၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ပါတယ်။အရောင်းအဝယ်ပြုလုပ်တဲ့အခါ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း မှာ အဖျင်းအမှော်၊ ဖုံ၊ သဲ၊ ခဲပါဝင်မှု တစ်ရာခိုင် နှုန်း၊ ပိုးထိုးပိုးကိုက်ပါဝင်မှု နှစ်ရာခိုင်နှုန်း၊ ချို့ယွင်းပျက်စီးမှု လေးရာခိုင်နှုန်း၊ ပဲညီအမပါဝင်မှု =(ဆင်တူယိုးမှား) နှစ်ရာခိုင်နှုန်း၊မျိုးကွဲပါဝင်မှု တစ်ရာခိုင်နှုန်း၊ အစိုဓာတ်ပါဝင်မှု ၁၄ ရာခိုင်နှုန်းတို့ဖြစ်ပါ တယ်။ယခုအချိန်အခါမှာမိုးရာသီဖြစ်တာကြောင့်တစ်ကြောင်း၊ပဲတီစိမ်းများ ခူးဆွတ်ရိတ်သိမ်း ချိန်ဖြစ်တာကြောင့် ဝယ်ယူ ရာမှာ အစိုဓာတ်ကို အဓိကထားပြီး ဝယ်ယူရကြောင်း၊ တိုက်ရိုက်ဝယ်ယူရောင်းချရပါက ပြဿနာ မဖြစ်ပေါ်နိုင်သော် လည်း သိုလှောင်ရန်ဝယ်ယူသူများအတွက် မှာ အလွန်အရေးကြီးကြောင်း ကုန်သည်ကြီးတစ်ဦးက ပြော ပါတယ်။
ယခင်အပတ်ထက်ဈေးအနည်းငယ်အေးပေမဲ့ အရောင်း အဝယ်မှာ သွက်သွက်လက်လက်ရှိပါတယ်။ ပြည်ပ (တရုတ်) ကို နေ့စဉ်ပုံမှန်အပို့ရှိပေမဲ့မန္တလေးကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)မှာ ဝယ်လို အား ရော ရောင်းလိုအားပါ ကောင်းမွန်လျက်ရှိပါတယ်။ လှောင် လက်များအနေနဲ့ အရည်အသွေး စံချိန်စံညွှန်းမီတဲ့ ပဲတီစိမ်းကိုဝယ်ယူသိုလှောင်လျက်ရှိပါတယ်။ ပြည်ပ(တရုတ်)ဈေးကွက်ခိုင်မာနေပြီဖြစ်တဲ့ပဲတီစိမ်းကြီးကို ဈေး ကွက်ရေ ရှည်တည်တံ့ခိုင်မြဲစေဖို့မြန်မာ့ပဲတီစိမ်းများကိုအရည်အသွေးစံချိန်စံညွှန်းမီစွာတင်ပို့ရောင်းချနိုင်ရေးလိုအပ်ပါကြောင်းအကြံ   လိုက်ပါတယ်။