Main menu

Background

ပြည်ပဲမျိုးစုံဈေးကွက်မှာ သြဂုတ်လ ပထမပတ်အတွင်း ပဲဈေးနှုန်း ပြန်လျော့သွားပေမယ့် ပဲတီစိမ်း၊ မတ်ပဲအရောင်းအဝယ်သွက်

Thu, 08/14/2014 - 05:52 -- ydnar

 
သြဂုတ်လဆန်း ပြည်ပဲမျိုးစုံ ဈေးကွက်သို့ပဲတီစိမ်းသစ်များအဝင်များလာပြီး မတ်ပဲနှင့် ကုလားပဲ၊ ပဲကြီး သီးနှံများကတော့ အိတ် ၂၀၀ ကျော်ခန့်သာဝင်ရောက်ပြီးအရောင်းအဝယ်မှာလည်းပုံမှန်သာရှိခဲ့ပါတယ်။ ဘိုကိတ်၊ ပဲလွန်း ဖြူ၊ ပဲပုပ်၊ ပဲနီပြား သီးနှံများမှာ ဒေသတွင်းလက်လီသမားများဖြင့်သာအရောင်းအဝယ် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

 
မတ်ပဲသီးနှံမှာ နေ့စဉ်ဝင်ရောက်မှုမရှိဘဲပဲအဝင်ရှိတဲ့ရက်မှာတစ်ရက်အိတ်၂၀၀ကျော်၃၀၀၀င်ရောက်ခဲ့ပြီး၊ ပန်းတောင်း ၊ ပေါက်ခေါင်း၊ ပေါင်း တလည်၊ ရွှေတောင်၊ ကျီးသဲမြို့နယ်များ မှ ပဲလက်ကျန်များ ထုတ်ရောင်းလာမှု ရှိတဲ့အခါမှာတော့ အိတ် ၄၀၀-၅၀၀ အထိအဝင်များခဲ့ပါတယ်။ ပဲဈေးနှုန်းမှာယခင်တစ်ပတ်က တစ်တင်း ၂၈၇၀၀ ကျပ်ထိဈေးမြင့်တက်ခဲ့ေ ပမယ့်ယခုတစ်ပတ်မှာတော့ရန်ကုန်ဝယ်လက် နေ့စဉ်အဝယ်မရှိတာကြောင့်တစ်တင်း၂၈၂၀၀ကျပ်ဖြင့်သာေ ဈးလျော့အေ ရာင်း အဝယ်ဖြစ်ခဲ့ပါတယ်။
ပဲတီစိမ်းသစ်များကတော့ ဝင် ရောက်မှုများလာလို့ ပဲဈေးနှုန်းမှာ ဈေးအနည်းငယ်ပြန်လျော့သွားပြီး တစ်တင်း ၃၃၀၀ ကျပ်ဖြင့်မန္တလေးလိုင်းသမားနေ့စဉ်ဝယ်ယူမှုရှိတဲ့အတွက်အိတ်၅၀၀ကျော်ထိအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပေါက်ေ ခါင်း  ၊ ပေါင်း တလည်၊ ပန်းတောင်းမြို့နယ်များမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါတယ်။ ပဲစင်းငုံသီးနှံမှာပဲအဝင်လုံးဝမရှိ တော့ဘဲ လက်ကျန်ပဲများသာရှိတဲ့အတွက် တစ်ခါတစ်ရံမှသာ ရန်ကုန်ဝယ်လက်က ဝယ်ယူတဲ့အခါ အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကာ ဈေးနှုန်းမှာတော့ တစ်တင်း ၂၁၈၀၀ ကျပ်ဖြင့် ယခင်အပတ် ထက် တစ်တင်း ၅၀၀ ကျပ်ခန့် ဈေးပိုလာခဲ့ပါတယ်။ ကုလားပဲဈေးကတော့ ဈေးငြိမ်လျက်ရှိပြီးအဝင်သိပ်မရှိတော့ဘဲ လက်ကျန်ပဲများရောင်းချမှုရှိခဲ့ပါတယ်။ခွဲစက် သမားနှင့် လက်လီသမားနေ့စဉ် အဝယ်ရှိကာအိတ် ၂၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ပန်းတောင်း၊ကံမမြို့နယ် များမှ အိတ်၂၀၀ ကျော်သာဝင်ရောက်မှုရှိခဲ့လို့ လက်ကျန်ရော ဝင်ရောက်တဲ့ပဲများပါ ဝယ်လက်အပေါ် မူတည်၍ အရောင်း အဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်နှင့် ပဲနီ ပြား သီးနှံများမှာ ဒေသတွင်းလက်လီ သမားများဖြင့် ဈေးအပြောင်းအလဲ မဖြစ်ဘဲ ဈေးငြိမ်အရောင်းအဝယ်ဖြစ် ခဲ့ကြတာကြောင့် ဘိုကိတ်၁၃၃၀၀ ကျပ်၊ ပဲလွန်းဖြူ ၁၆၅၀၀ ကျပ်၊ပဲပုပ်၂၀၀၀၀ ကျပ်၊ ပဲနီပြား ၂၀၀၀၀ ကျပ် ဖြင့် သြဂုတ်လဆန်းအတွင်းအရောင်း အဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။