Main menu

Background

ငွေကြေးမူဝါဒ ပြင်ပသက်ရောက်မှုများနှင့် ပတ်သက်၍ ဥရောပနှင့် အာရှဗဟိုဘဏ်များ တွေ့ဆုံဆွေးနွေး

Thu, 08/14/2014 - 07:49 -- ydnar

 
သြစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာ ပူနှင့်ထိုင်းနိုင်ငံတို့မှဗဟိုဘဏ်များ နှင့် ငွေကြေးဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များပါဝင်သောEMEAP (Executi-ves's Meeting of East-Asia Pacific Central Banks)အဖွဲ့အစည်း နှင့် urosystemတို့မှ

ဥက္ကဋ္ဌများနှင့်အဆင့်မြင့် ကိုယ်စားလှယ်များ သည်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ဇူလိုင်လ၂၆ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့်သတ္တမအကြိမ်မြောက် ဥရောပနှင့်အာရှ ဗဟိုဘဏ်များဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။ ယင်းအစည်း အဝေး အား The Bank of Thailand  နှင့် European Central Bankု တို့ကပူးတွဲလက်ခံ ကျင်းပ ခဲ့ခြင်းဖြစ်ပါ သည်။ အစည်း အဝေးတွင်နှစ်ဖက်စလုံးသည် နှစ်ဦးနှစ်ဘက်အကျိုးစီးပွားနှင့်ဆိုင်သောအဓိကမူဝါဒရေးရာများ အပေါ်အမြင်ချင်း ဖလှယ်ေ ဆွးနွေးခဲ့ကြပါသည်။ထို့အပြင်ဥရောပနှင့်အာရှဗဟိုဘဏ်များမှဥက္ကဋ္ဌများနှင့်အဆင့်မြင့်ကိုယ်စားလှယ်များ စီးပွားရေး အင် အားကြီး နိုင်ငံများ၏ ငွေကြေးမူဝါဒနှင့်ထွန်းသစ်စဈေးကွက်များအပေါ်အဆိုပါမူဝါဒ၏ အကျိုးသက်ရောက်မှု များ၊ ယူရိုဇုန် တွင်ဖြစ်ပေါ်ခဲ့သည့်ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းမှရရှိခဲ့သည့်သင်ခန်းစာများအပါအဝင် ငွေကြေးဆိုင်ရာအကြော င်း အရာများစွာတို့ကိုလည်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပါသည်။ကိုးကားချက်။Euopean Central Bank