Main menu

Background

ဘရစ်ချ်စတုန်းတာယာ မြန်မာရုံးခွဲ ထူထောင်မည်

Thu, 08/14/2014 - 08:02 -- ydnar

 
Bridgestoneမှ၎င်းတို့၏ရုံးခွဲကိုစင်ကာပူရှိ၎င်းတို့၏ကုမ္ပဏီအုပ်စု ကြီးဖြစ်သည့်ဘရစ်စတုန်းအာရှပစိဖိတ် (BSCAP) မှတစ်ဆင့် မြန်မာနိုင်ငံတွင်လက်ခွဲကုမ္ပဏီထူထောင်သွားမည်ဖြစ် ကြောင်းကို ဇူလိုင်၈ ရက်နေ့တွင်တရားဝင် ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။၎င်းတို့၏လက်ခွဲကုမ္ပဏီကို ရန်ကုန်မြို့၊

လှိုင်မြို့နယ်ရှိ MICT Park တွင်တည်ေ ထာင်ထားပြီး BSCAP ၏စီးပွားရေးလုပ်ငန်းများလုပ်ဆောင်ရန်နှင့် ဘတ်စ်ကား၊ ကုန်တင်ကား၊ ကားထုတ် လုပ်မှုနှ င့် တာယာဈေးကွက်သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်းလည်း သိရှိရပါ သည်။အဆိုပါနေ့တွင်ပင်မစ်ဆူဘီရှီမှ ၎င်းတို့အနေဖြင့် တာယာဈေးကွက်ရရှိ ရေးနှင့် ရောင်းချရေးဆိုင်ရာ ဖက်စပ် ကုမ္ပဏီထူထောင်ရေးဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း လည်း ထုတ်ပြန်ခဲ့သည်။
 
COO နှငိ့BSCAPတို့၏အဖွဲ့ဝင်ဖြစ်သူမစ္စတာကူနိတိုးရှိတာကေးဒါမှ''မြန်မာနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဥပေ ဒ ဖြေလျှော့ပေးမှုဟာ အော်တိုမိုဘိုင်းကား ထုတ်လုပ်ရေးကုမ္ပဏီအများအပြားကိုဆွဲဆောင်နေပါတယ်။ဒါ့ အပြင်ေ ထာက်ပံ့ပို့ဆောင်ရေးဆိုင်ရာအခြေခံအဆောက်အဦတွေကလည်း အမြန်ကိုတိုးတက် နေပါတယ်''ဟု ပြောကြား ခဲ့ကြောင်းလည်းသိရသည်။ဆက်လက်၍၎င်းမှ''ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့တာယာဟာ နံပါတ် ၁ ကုန် အမှတ်တံဆိပ်ဖြစ်အောင်လည်းကြိုးစားနေပါတယ်။နောက်ပြီးကျွန်တော်တို့အနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့လူမှုပတ်ဝန်းကျ င်နဲ့သဘာဝပတ်ဝန်းကျင်အတွက်လည်းဆောင်ရွက်ပေးသွားဖို့ဆန္ဒရှိနေပါတယ်''ဟူ၍ဆက်လက်ပြောကြားခဲ့ ကြောင်း လည်း သိရှိရသည်။ ဘရစ်စတုန်းတာယာများကိုပထမ ဂျပန်တာယာဝန်ဆောင်မှုလုပ်ငန်း(FJTS) မှတစ်ဆင့်ရောင်းချသွားမည် ဖြစ်ပြီး ၎င်းမှာမစ်ဆူဘီရှီနှင့် ဖက်စပ် ကုမ္ပဏီဖြစ်ကြောင်းလည်း သိရသည်။ အဆိုပFJTS   ၏ ရင်းနှီးမတည်ငွေမှာ ဂျပန်ယန်းသန်း၇၀(မြန်မာကျပ်ငွေ ခန့် မှန်းကျပ်သိန်း ၇၀၀၀ ခန့်)ဖြစ်ပြီးမစ်ဆူဘီရှီမှ ၇၀ရာခိုင်နှုန်းနှင့် မြန်မာနိုင်ငံမှ Serge Pun & Associates ၏လက် အောက်ခံကုမ္ပဏီဖြစ်သည့် မြန်မာမော်တာကုမ္ပဏီမှ ၃၀ ရာခိုင်နှုန်း တို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ဘရစ်စတုန်းနှင့် မစ်ဆူဘီရှီတို့ အနေဖြင့် ထိုင်း၊ မလေးရှား၊ ဗီယက်နမ် စသည့်အာဆီယံနိုင်ငံများတွင် တာယာ စီးပွားရေးလုပ်ငန်းကိုဖက်စပ်တည်ထောင်ကာထုတ်လုပ်ခြင်းနှင့်ရောင်းချခြင်းလုပ်ငန်းများကိုပါ ဆောင်ရွက် ကြောင်း လ ည်းသိရှိရသည်။ မစ်ဆူဘီရှီ အနေဖြင့် ၎င်းင်းတို့ရရှိထားသည့် အတွေ့ အကြုံနှင့် နည်းပညာများကို FJTS  သို့ မျှဝေ၍ မြန်မာနိုင်ငံရှိ ကုန်တင်ယာဉ်၊ ဘတ်စ်ကား၊ လူစီးကားများအတွက်လို အပ်သော တာယာများကို ရောင်းချ သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ဘရစ်စတုန်းကော်ပိုရေးရှင်း၏ဌာန ချုပ်မှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်ရှိပြီး ကမ္ဘာ့အကြီးဆုံးတာယာနှင့် ရော်ဘာ ပစ္စည်းထုတ်လုပ်ရောင်းချသည့်လုပ်ငန်း တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ကားတာယာအပြင် စက်ရုံသုံးေ ရာ်ဘာ၊ ဓာတုဗေဒပစ္စည်းများနှင့်အားကစားပစ္စည်းစသည်ဖြင့်ထုတ်ကုန်အများအပြားထုတ်လုပ်ပြီးကမ္ဘာ့နိုင်ငံပေါင်း၁၅၀ ကျော် သို့တင်ပိ့ုရောင်းချလျက်ရှိကြောင်း သိရသည်။ ဘရစ်စတုန်းအာရှပစိဖိတ် (BSCAP)ရုံးကိုစင်ကာပူနိုင်ငံတွင် ထားရှိပြီး ၎င်းမှ အာရှဒေသတွင်းနိုင်ငံ များနှင့် တရုတ်တို့၏ ဌာနချုပ်အဖြစ် တာဝန်ယူေ ဆာင်ရွက် ကာ ဒေသတွင်း ရှိ နိုင်ငံပေါင်း ၂၅ နိုင်ငံ၏ ဈေးကွက်နှင့် အထောက်အပံ့ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်ကြောင်းလည်း သိရှိ ရသည်။