ဘုရင့်နောင်ဈေးကွက်မှာဒီတစ်ပတ်မတ်ပဲ (RC)ကို အိန္ဒိယဝယ် လက်က ဈေးကွက်စဖွင့်ချိန်မှာ တစ်တန်ကို ၈၅၅၅၀၀ ကျပ်ဈေးဖြင့်ဈေးဖွင့်အဝယ်ရှိရာကနောက်ပိုင်းရက်တွေမှာအိန္ဒိယဝယ်လက်ရဲ့
ဝယ်လိုအားကပိုပြီးသွက်လာတာကြောင့် ဈေးကွက်ပိတ်ချိန်မှာတော့တစ်တန်ကို ၈၆၂၀၀၀ ကျပ်အထိ ထပ်မံဈေးမြင့် တက် င့်ရောင်းသူကုန်သည်တွေထံမှာပစ္စည်းလက်ကျန်နည်းနေပေမယ့်အိန္ဒိယရဲ့ဝယ်လိုအားက တောက်ေ လျာက်ရှိေ နတော့ယခင်အပတ်ဖြင့် နှိုင်းယှဉ်ပါက တစ်တန်ကို ကျပ် ၂၂၀၀၀ခန့်ဈေးမြင့်ခဲ့တယ်လို့ဘုရင့်နောင် အခြေစိုက် ပဲ ကုန် သည်တစ်ဦးကဆိုပါတယ်။ ပဲစင်းငုံနီ (RC) အနေဖြင့် ဒီတစ်ပတ်မှာ အိန္ဒိယဝယ်လက်က အရည်အသွေးအပေါ် မူတည် ပြီး ဈေးပေးအဝယ်ရှိသလို ဝယ်အားပါပြန်လိုက်လာတာကြောင့် ယခင် အပတ်ဖြင့်နှိုင်းယှဉ်ပါကတစ်တန်ကိုကျပ်၂၆၀၀၀ ခန့်အထိဈေးမြင့် ခဲ့ကြောင်းသိရပါတယ်။ ပဲစင်းငံနီအနေဖြင့် ယခင်နှစ်က တောက် လျှောက်ဈေးမရခဲ့တာကတစ်ကြောင်း၊ ပဲစင်းငုံနီစိုက်ပျိုးရာဒေသမှာရာသီဥတုဖောက်ပြန်မှုကြောင့်ပဲအထွက်နှုန်းကျဆင်းခဲ့ရလို့ပဲလက်ကျန်များ လျော့နည်း နေ တဲ့ အချိန်မှာ အိန္ဒိယရဲ့ ဝယ်လိုအားကြောင့် အခုအချိန်မှာ ဈေးကောင်း ရရှိလာကြောင်းသိရပါတယ်။ အရောင်း အဝယ် အနေဖြင့်တစ်တန်ကိုအနိမ့်ဆုံး၆၈၃၀၀၀ကျပ်မှအမြင့်ဆုံး ၆၉၂၀၀၀ ကျပ်အတွင်းအရောင်းအဝယ်ဖြစ်မှုများခဲ့ကြောင်း သိရ ပါတယ်။