Main menu

Background

မကွေးဈေးကွက်မှာ ပဲစင်းငုံနီကို ရန်ကုန်အဆွဲပုံမှန်ရှိ၊ နှမ်းမျိုးစုံထဲမှ နှမ်းနက်စမုံဈေးကောင်းရနေ

Fri, 08/15/2014 - 09:22 -- ydnar

 
မကွေးဈေးကွက်မှာဒီတစ်ပတ်ပဲစင်းငုံနီကိုရန်ကုန်အဆွဲ  ကောင်းနေတာကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါ က ဈေးမြင့် လာပြီးတစ်ပိဿာ ၁၁၀၀ကျပ်(တစ်တန်ကို ၆၇၃၆၂၉ကျပ်)ဈေးဖြင့်တစ်ရက်ကိုအိတ်၄၀၀ခန့်အရောင်းအဝယ်ဖြစ်ခဲ့ေ ကြာင်း သိရပါတယ်။ ပဲစင်းငုံနီအနေဖြင့် ရန်ကုန်ဝယ်လို အားပေါ်မူ တည်ပြီး

ဈေး နှုန်းအပြောင်း အလဲဖြစ်နေကြောင်း ရန်ကုန် ဝယ်အားများရင် ဈေးတက်ပြီး ဝယ်အားနည်း ရင် ဈေးကျဆင်း သွားေ ကြာင်း မြို့ခံ ကုန်သည်တစ်ဦးကဆိုပါတယ် ။ နှမ်းမျိုးစုံ အနေဖြင့် ရန်ကုန်-မန္တလေးဝယ်လက် နှင့် ဒေသတွင်း ဆီစက်ေ တွက ဝယ်လိုအား ပုံမှန်ရှိပြီး အဲဒီနှမ်းမျိုးစုံထဲ ကနှမ်းနက် စမုံကိုေ တာ့ ဈေးကောင်းပေး အဝယ်ရှိခဲ့ကြောင်း သိရပါတယ် ။ အရောင်းအဝယ်အနေဖြင့် နမ်းနီတစ်ပိဿာ ၂၇၅၆ ကျပ်၊ နှမ်းဖြူ တစ်ပိဿာ ၃၀၆၇ ကျပ်၊ နှမ်းနက်စမုံတစ်ပိဿာ ၃၈၂၂ ကျပ် ၊ နှမ်း နက်ရိုးရိုးတစ်ပိဿာ ၃၀၄၄ ကျပ်၊ နှမ်းညို တစ်ပိဿာ ၂၄၀၀ ကျပ်ဈေးဖြင့် နှမ်းမျိုးစုံတစ်ရက်ကို အိတ် ၆၀၀ ခန့်ဖြစ် ခဲ့ေ ကြာင်း သိရပါတယ်။