Main menu

Background

မကွေးတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေး တိုင်းဦးစီးမှူးရုံးတွင် BDM သင်တန်းဖွင့်

Fri, 08/15/2014 - 09:27 -- ydnar

 
မကွေးတိုင်းဒေသကြီးတိုင်းဦးစီးမှူးရုံးမှာ သြဂုတ်လ ၈ရက်နံနက်ကမကွေးတိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီး ဌာန နဲ့Future Myan-mar Management Training (Pathein) တို့ပူးပေါင်းကျင်းပတဲ့ Business Development Mana-gement (BDM) Training (၁/၂၀၁၄) သင်တန်းဖွင့်လှစ်ခဲ့ပါတယ်။ သင်တန်းကာလမှာ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်မှ ၁၁ ရက်ထိ ဖြစ်ပြီး

အဆိုပါသင်တန်းတွင်အဆင့်မီနိုင်ငံခြား(HRM)သင်ရိုးပုံစံများဖြင့်Manager အဆင့်လက်စွဲ စာအုပ်များ ပေးအပ်မည့် အြ ပင် နိုင်ငံခြားအတွေ့အကြုံရှိဆရာများမှလက်တွေ့ကျကျဆွေးနွေးသင်ကြားသွား မည်ဖြ စ်ေ ကြာင်း ၊သင်တန်း ပြီးဆုံးပါ က အသိအမှတ်ပြBDM Certificate ပေးအပ်ချီးမြှင့်သွား မည် ဖြစ်ကြောင်း သိရပါ တယ်။ အဆိုပါသင်တန်း ကိုမကွေး တိုင်းဒေသကြီးအတွင်းမှသင်တန်းသားသင်တန်းသူ၈၀ ဦးတက်ရောက်ခဲ့ပြီးFuture Myanmarမှမန်နေဂျင်း ဒါရိုက်တာ ဦးဇင်ဖြိုးပိုင်၊ အထွေထွေမန်နေဂျာဦးဝင်းနိုင်ဦးတို့မှတင်ဆက်ပြသမှုနှင့်ပံ့ပိုးကူညီဆောင်ရွက် မှုအစီရင်ခံစာ တင်ပြမှုနှင့် အစည်းအဝေး စီမံခန့်ခွဲမှု၊ လူမှုဆိုင်ရာ ပြန်ကြားဆက်ဆံဆောင်ရွက်မှုများ၊ အလုပ်အင်တာဗျူး ဆိုင်ရာနည်းပုံစံများ၊ စီမံ သုံးစွဲ မှုနှင့် ခေါင်းဆောင်မှုအရည်အချင်း၊ရုံးလုပ်ငန်းနှင့်စီမံအုပ်ချုပ်မှုပုံစံများ၊ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု၊ဝန်ထမ်း စိတ် ဓာတ် မြှင့်တင်မှုနှင့် ပံ့ပိုးကူညီမှုများငွေကြေးထိန်းသိမ်းကွပ်ကဲမှု နှင့် စီမံခန့်ခွဲမှုများ၊ စီမံချက်လည်ပတ်မှု ဆိုင်ရာစီမံခန့်ခွဲမှု ပုံစံများ၊ ဈေးကွက်စီးပွားရေးစီမံခန့်ခွဲမှုများ ဖောက်သည်များအားဝန်ဆောင်ပေးမှု၊ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ စီမံခန့်ခွဲမှု ပုံစံ များ လုပ်ငန်းခွင်တိုးတက်မှုဆန်းစစ်သုံးသပ်ချက်များ၊ Internetကုန်သွယ်မှုဆိုင်ရာစီးပွားရေးဗျူဟာ နိုင်ငံတကာကုန်သွယ် မှု အသုံးအနှုန်းများစီးပွားရေးစွန့်စားလုပ်ကိုင်မှုနှုန်း၊ ဖက်စပ်လုပ်ငန်း၊ SDI, AEC, AFTA  ခြုံငုံသုံးသပ်ချက်များ စသည့် သင်တန်းခေါင်းစဉ်များနဲ့ဟောပြောပို့ချသွားမှာဖြစ်ကြောင်း သိရပါ တယ်။