ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသည် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင်လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍လိုက်နာဆောင်ရွက်ရမည့်လမ်းညွှန်ချက် များအား အသိပေးရှင်းလင်းပွဲကို သြဂုတ်လ၁၄ရက်နေ့တွင်စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးရုံး၊ ဒုတိယ ထပ်ရှိအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟုသတင်းရရှိသည်။
အသိပေးရှင်းလင်းပွဲသို့အကောက် ခွန်ရှင်းလင်းရေးဝန်ဆောင်မှုအသင်း၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရေကြောင်းရဲတပ်ဖွဲ့တို့မှတာဝန်ရှိသူများ၊ကိုယ်စားလှယ်များ နှင့် ဌာန ဆိုင်ရာအရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ ညွှန်ကြားရေးမှူးမှ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင်Mobile Team အနေနှင့် ပညာပေး ကာလအဖြစ်ဇူလိုင်လ၂ ရက်မှ သြဂုတ်လ ၁၅ ရက်ထိဆောင်ရွက်ခဲ့ ကြောင်းနှင့်သြဂုတ်လ၁၆ရက်နေ့မှ စ၍ ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်း ပြောကြားပါသည်။ ယခင်လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီးအဓိကကွာခြားချက် ၂ ချက်ရှိကြောင်း၊ ပထမအချက်အနေ နှင့် ဆိပ်ကမ်း တွင်Red Channel စစ်ဆေးမှုကို သြဂုတ် လ ၁၅ ရက်နေ့ထိ စစ်ဆေးပြီး၊ သြဂုတ် လ ၁၆ ရက်နေ့မှ စ၍ဆိပ်ကမ်း ဧရိယာ ပြင်ပတွင် စစ်ဆေးမည်ဖြစ်ကြောင်း၊ စစ်ဆေးရာတွင် အကောက်ခွန် ရှင်း လင်းပြီးRed Channel၊ ကြိုစစ်၊ Exam all စနစ်များအရစစ်ဆေးမည့်ကုန်သေတ္တာများနှင့်ပတ်သက်၍ မျက် မြင်လေ့လာကြည့်ရှုခြင်းအပြင်သိရှိလို သည့်အချက်အလက်များအားတာဝန်ကျအကောက်ခွန်ဝန်ထမ်း၊ကုမ္ပဏီကိုယ်စားလှယ်များနှင့်ဆက်သွယ်၍ ရှင်းလင်း စွာ သိရှိသည် အထိမေးမြန်း စုံစမ်းသွား မည်ဖြစ်ကြောင်း၊ Yellow Channel ? Green Channelများနှင့် အကျုံး ဝင်သည့်ကုန်သေတ္တာများအားသက်ဆိုင်ရာကုမ္ပဏီနှင့်ကိုယ်စားလှယ်များ၏ယုံကြည်စိတ်ချရမှုအခြေအနေ၊တင်သွင်း လာသည့်ကုန်ပစ္စည်းအမျိုးအစားစသည့်အချက်အလက်များအပြင်အခြားသတင်းအချက်အလက်များအပေါ်အခြေခံ ၍စိစစ်ဆောင်ရွက်မည် ဖြစ်ကြောင်းရှင်းလင်းပြောကြားပါသည်။
သွင်းကုန်ပစ္စည်း ကုန်သေတ္တာများ တွင် တရားဝင်လိုင်စင်ID တို့နှင့်ကွဲလွဲ ချက်များဖြစ်ပေါ်နေကြောင်းတွေ့ရှိရပြီး အကောက်ခွန်ဥပဒေများအရအရေးယူ ဆောင်ရွက်မည့်ကိစ္စများ ဖြစ်ပေါ်ပါ က တာဝန်ကျ အကောက်ခွန်ဝန်ထမ်း များမှMobile Team အဖွဲ့သို့ဆက်သွယ်အသိပေးရန်နှင့် Mobile Team အဖွဲ့မှ မြေပြင် စစ်ဆေးမှုများ ပြုလုပ်ပြီး အတည်ပြုမှတ်တမ်းတင်ထား မည်ဖြစ်ကြောင်း၊ ပို့ကုန်ပစ္စည်းများနှင့် ပတ်သက်၍ဆိပ်ကမ်းအသီးသီးသို့ရောက် ရှိ လာသည့်ပို့ကုန်ပစ္စည်းကုန်သေတ္တာများအား ရောက်ရှိသည့်နေ့တွင်သတ်မှတ်ထားသည့်အချိန်များအလိုက် တာဝန် ကျအကောက်ခွန်ဝန်ထမ်းများ နှင့်အတူသွင်းကုန်ပစ္စည်းကုန်သေတ္တာ များမဲနှိုက်သည့် စနစ်အတိုင်း ပွင့်လင်း မြင်သာ စွာမဲနှိုက်၍ Channel ခွဲခြား စစ်ဆေးမည်ဖြစ်ကြောင်း၊ ဒုတိယ အချက်အနေနှင့်Red Channel? Yellow Channel? GreenChannelမည်သည့်စစ်ဆေးမှုနှင့်မဆိုစစ်ဆေးပြီးကုန်သေတ္တာများအားဆိပ်ကမ်းဧရိယာ ပြင်ပ တွင် သံသယရှိ ၍သော်လည်းကောင်း၊ သတင်းရရှိ၍ သော်လည်းကောင်း လိုအပ်ချက်အရထပ်မံစစ်ဆေး၍တရား ဝင်လိုင်စင်ID တို့နှင့် ကွဲလွဲချက်များ ဖြစ်ပေါ်ပါကပို့ကုန်၊ သွင်းကုန် ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆိပ်ကမ်းဧရိယာြ ပင်ပ စစ်ဆေးမှုမှာအမှတ် (၁)ဆူးလေဆိပ်ကမ်းဖြစ်၍ အသေး စိတ် စိစစ်မည်ဖြစ်ပြီး နေ့/ည နှစ်ဆိုင်း ခွဲ၍ ၁၀၀ ရာခိုင်နှုန်း စိစစ်မည်ဖြစ်ကြောင်းမည်သည့်စစ်ဆေးမှုနှင့်ထွက်ခွာလာသောယာဉ်မဆို Spot Checkအနေဖြင့် ထပ်မံ စစ်ဆေးေ တွ့ရှိပါက လွဲမှားမှု အားလုံးအပေါ် ပို့ကုန်၊ သွင်း ကုန်ဥပဒေအရ အရေးယူမည် ဖြစ် ကြောင်း၊ လေဆိပ်စစ်ဆေးမှုမှာ ယခုလက်ရှိအတိုင်းစစ်ဆေးမည်ဖြစ်ကြောင်း ကို Power Pointများနှင့် အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့ပါသည်။