စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်သည် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် အိန္ဒိယ နိုင်ငံ၊ စက်မှုလုပ်ငန်းရှင်များ အသင်း(IIA)ဥက္ကဋ္ဌဖြစ်သူ မစ္စတာပရာမွတ်မီ ဂလာနီဦးဆောင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအစည်းအဝေး ခန်းမ ၌ လက် ခံတွေ့ဆုံသည်။
တွေ့ဆုံ ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးမှစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများဖြေ လျော့ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ေ ရး နှင့်ကုန်သွယ်မှု ပညာပေးရေးဆိုင်ရာ ကိစ္စရပ်များအား ဟန်ချက်ညီအော င် ဆောင်ရွက်နေမှုအခြေအနေ များနှ င့် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏတိုးတက်စေရေးအတွက်ပူးပေါင်းဆောင်ရွက်ရေး၊နယ်စပ်ကုန်သွယ်ရေးအားပုံမှန်ကုန်သွယ်မှုကဲ့ သို့ ဆောင်ရွက်နို င်ရေး၊ပုဂ္ဂလိကကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ပြီးအိန္ဒိယစက်မှုလုပ်ငန်းရှင်များ အသင်းမှ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်နိုင်မည့် အလား အလာများနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများ၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးနှင့်စီးပွားရေးလုပ်ငန်းများကိုအကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက်နားလည်မှုစာချွန်လွှာလက်မှတ်ရေးထို ရေးဆိုင် ရာကိစ္စရပ်များကိုအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ တက် ရောက် ခဲ့ကြောင်း သတင်းရရှိသည်။