Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်း''အရာထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၁၄)''သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြာ

Wed, 08/27/2014 - 08:42 -- ydnar

 
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု များအား တတိယအဆင့်အရှိန်မြှင့် တင်မှု (Third Wave)  လုပ်ငန်းစဉ် (၁) ဖြစ် သည့် ပြည်ထောင်စုဝန်ကြီး ဌာနအလိုက်အရာထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ဖွင့်လှစ်ဆောင် ရွက်ရန် လမ်းညွှန်ချက် အရ ဖွင့်လှစ်ခဲ့သည့်

''အရာထမ်းများ စွမ်း ဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၄)'' သင်တန်းဆင်း ပွဲ အခမ်းအနားအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စုပေါင်း ခန်းမ၌ ကျင်းပ ပြုလုပ်ရာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းတက်ေ ရာက် အမှာစကားပြော ကြားသည်။
 
ဒုတိယဝန်ကြီးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့အလယ်အလတ်အဆင့်အရာ ထမ်းများ အနေဖြင့် နိုင်ငံတော်၏ ပြုပြင် ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်ဆောင်ရွက်ရာတွင် တစ်ပြေးညီ လိုက်ပါ အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်သော ဝန်ထမ်းစွမ်း ဆောင်ရည်မြင့်မားသည့် အရာထမ်း များဖြစ်စေေ ရး၊ ဌာနတွင်းတာဝန်ထမ်း ဆောင်လျက်ရှိသောဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ပြီး လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ဌာနတွင်းသင်တန်းများအား စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချ သင်ကြားပေး လျက် ရှိ ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေနဲ့ လူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဌာန တွင်းသင်တန်း များ ဖွင့်လှစ်သင်ကြား ပေးခြင်းအပြင် အပတ်စဉ် ဆွေးနွေးပွဲ များကျင်းပပြုလုပ်ပေးခြင်း၊ ပြည်တွင်း/ ပြည်ပဆွေးနွေးပွဲ /Work Shop /သင် တန်းများသို့ ဝန်ထမ်းများအား စေလွှတ် တက်ရောက်စေခြင်း၊ နိုင်ငံတကာအဖွဲ့ အစည်း များ(WTO/UNESCAP/JICA)နှင့်ဆက်သွယ်၍ဆွေးနွေးပွဲများ/ရက်တိုသင်တန်းများဖွင့်လှစ်ခြင်းများကို လည်း ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ စီးပွား ရေးလုပ်ငန်းများဆိုင်ရာ အသိဉာဏ် ပညာမြင့် မားစေရေး ၊ကုန်သွယ်မှုနှင့် ဆိုင်သောပုဂ္ဂလိကကဏ္ဍလူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေး တို့ အတွက် ည်ရွယ်ပြီး ပုဂ္ဂလိက ပို့ကုန်/သွင်းကုန် စီးပွားရေးလုပ်ငန်း ရှင်များအား အပြည်ပြည်ဆိုင်ရာကုန် သွယ်မှုအခြေခံ သင်တန်းနှင့်အပြည် ပြည်ဆိုင်ရာကုန်သွယ်မှုအဆင့်မြင့်သင်တန်းတို့ကိုလည်းစဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ေ ပးလျက်ရှိပါ ကြောင်း၊သင်တန်းသား/သူများအနေနဲ့ ဒီသင်တန်းမှာ မြန်မာနိုင်ငံ့ ပြုပြင် ပြောင်းလဲရေး မဟာဗျူဟာ များ  နိုင်ငံ တော်၏ ပြုပြင်ပြောင်းလဲမှုနှင့် စီးပွား/ကူးသန်းဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်၊ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲအုပ်ချုပ်မှု၊အခြားဝန်ကြီးဌာနများမှ မိမိဌာန နှင့်သက်ဆိုင်သည့်စံချိန် စံညွှန်း၊HS Code ၊ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန် ဆိုင်ရာလုပ်ထုံးလုပ်နည်းအစရှိသည့် အရာထမ်းများသိသင့်သိထိုက်သည့် ဘာသာရပ်များအပြင်မိမိဝန်ကြီးဌာနရဲ့ ဖွဲ့စည်းပုံအသစ်နဲ့အညီ ပြင်ဆင် ဖွဲ့စည်းခဲ့တဲ့ ဌာနများအနေနဲ့ လုပ် ဆောင် ရမယ့်လုပ်ငန်းတွေကိုအောင်မြင်အောင်ဘယ်လိုအကောင်အထည်ဖေါ် ဆောင်ရွက်နေကြတယ်ဆိုတာကို အသီးသီး သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သင်တန်းသား/သူ အရာထမ်းများအနေနဲ့ ဒီသင်တန်းမှာ သင်ကြားပေး က်တဲ့ဘာသာရပ်တွေ ကို ဆင့်ပွားအသိပညာပေးဖြန့်ေ၀ သွားခြင်းဖြင့် စွမ်းဆောင်ရည်ပြည့်၀ သည့်ဝန်ထမ်းကောင်း များဖြစ်လာစေ ရေးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ကြစေလိုကြောင်း ပြောကြားခဲ့ပြီးဆုရ သင်တန်းသား/သူ များ အား ဆုချီးမြှင့် ခဲ့ပြီး သင်တန်းဆင်းအောင် လက်မှတ် များကိုလည်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါတယ်။