Main menu

Background

နိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်မှ Trade For Human Development ခေါင်းစဉ်ဖြင့် စီးပွားရေးဆိုင်ရာ ဟောပြောပွဲကျင်းပ

Wed, 08/27/2014 - 08:48 -- ydnar

 
နိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဒေါက်တာအောင်ထွန်းသက်၏ Trade For Human Developme ntအခေါင်းစဉ်ဖြင့်စီးပွားရေးဆိုင်ရာ ဟောပြောပွဲကိုရန်ကုန်တိုင်း ဒေသကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံးရှိညီလာခံခန်းမတွင် သြဂုတ်လ ၂၂ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့ေ ကြာင်း သိရသည်။

အဆိုပါအခမ်းအနားသို့စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒေါက်တာေ မာင် အောင်၊ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်ဦးခင်မောင်လေးနှ င့် ညွှန်ကြား ရေးမှူးများ၊ ကုန်သွယ်မှုသင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူ များ၊ ကုန်သွယ်မှုမြှင့်တင်ရေး သင်တန်းမှသင်တန်းသားသင်တန်းသူများ၊စီးပွားရေးလုပ်ငန်းရှင်များ၊ကုန်သည်များ၊ စိတ်ပါ ဝင်စားသူများတက်ရောက် ခဲ့ကြကြောင်း သိရသည်။အဆိုပါ ဟောပြောပွဲတွင်ဆရာကြီး ဒေါက်တာအောင်ထွန်းသက်က ကုန်သွယ်မှုလုပ်ငန်းသည် တိုင်းပြည် စီးပွားရေး တိုးတက်မှုအတွက်အရေးပါသဖြင့်ကုန်သွယ်မှုကဏ္ဍတိုးတက်အောင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ထို့ ပြင် နိုင်ငံ တစ်နိုင်ငံ၏တိုးတက်မှု၌ဝင်ငွေရရှိမှုသည်အရေးပါသည်ဟုဆို သော်လည်းကျန်းမာရေးကောင်းဖို့၊ပညာတတ် ဖို့လည်း လိုအပ်ပါကြောင်း၊တိုင်းပြည်တိုးတက်ရန်အတွက် ံHuman Development Index လိုအပ်ပါ ကြောင်း၊ ကမ္ဘာ့ကုလ သမဂ္ဂသည် တစ် နှစ်လျှင်တစ်ကြိမ်နိုင်ငံတိုင်း၏ံကHuman Development  ကို ထုတ်ပြန်လျက်ရှိ ရာမှာမြန်မာနိုင်ငံ သည်အဆင့်၁၅၀တွင် ရှိနေပါကြောင်းဖြင့်ပြောကြားခဲ့သည်။
 
ထို့ပြင်ဆရာကြီးဒေါက်တာအောင်ထွန်းသက်ကနိုင်ငံတစ်နိုင်ငံတွင်လူသားအရင်းအမြစ်ကိုဖွံ့ဖြိုးစေချင်သည့် အတွက် ကုန်သွယ်မှုလုပ်ငန်းများကိုလုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ကုန်သွယ်မှုများတွင်လည်းအဟန့်အတားများရှိ   ကြောင်း၊ ကိုလိုနီဖြစ်ရသည်မှာလည်းကုန်သွယ်မှုကြောင့်ပင်ဖြစ်ကြောင်း၊ကုန်သွယ်မှုကြောင့်အောင်မြင်သူများရှိသလိုရှုံး နိမ့်သူ များလည်းရှိနိုင်ကြောင်း၊နိုင်ငံတိုးတက်လာပါကဆင်းရဲချမ်းသာကွာဟမှုများ များပြားလာနိုင်ကြောင်း၊ ထို့ပြင်နည်း ပညာများတိုးတက်လာသည့်အတွက်အလုပ်လက်မဲ့များပိုမိုများပြားလာနိုင်ပါကြောင်း၊အလုပ်လက်မဲ့ပြဿနာကိုခံစားရဆုံး သူများမှာအမျိုးသမီးများပင်ဖြစ်ပါကြောင်း၊မြန်မာ နိုင်ငံသည်လူဦးရေထူထပ်သည့် အိန္ဒိယ နှင့်တ ရုတ်နှစ်နိုင်ငံ ကြား တွင်ရှိနေ၍အိမ်နီးချင်းများနှင့်ချိတ်ဆက်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အ၀ ဖစ်လာသည့်အခါတွင်အင်္ဂလိပ်စာသည်အရေးပါသည့်ကဏ္ဍတွင်ပါဝင်နေသဖြင့်အင်္ဂလိပ် စာကိုအထူးအလေးပေးေ လ့လာ ရန်လိုအပ်ပါကြောင်းစသည်ဖြင့် အကျယ် တဝင့်ဆွေးနွေး ဟောပြောခဲ့ကြောင်း သတင်းရရှိသည်။ဟောပြောပွဲအပြီးတွင်ဆရာကြီး ဒေါက်တာအောင်ထွန်းသက်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊အကြံပေးပုဂ္ဂိုလ်၊ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)၏ Programme Director ဒေါက်တာ မောင်အောင်နှင့် Good Brothers Co., Ltd. မှ အထွေထွေမန်နေဂျာ ဦးညီညီကျော်က အမှတ်တရဂါရဝပြု လက်ဆောင်များ ပေး အပ်ခဲ့ကြောင်းသတင်းရရှိသည်