Main menu

Background

အိန္ဒိယရဲ့ ဆန်မူဝါဒစည်းကြပ်မှုအသစ်က ဘာစမာတီမဟုတ်တဲ့ ဆန်တန်ချိန် ၁၀ သန်းခန့်ကို ဈေးကွက်မှာ ရောင်းချမှုတိုးတက်စေမယ်

Wed, 08/27/2014 - 09:03 -- ydnar

 
ပြည်နယ်များရဲ့ ဆန်ဝယ်ယူမှုစည်းကြပ်ငွေကို ၂၅ ရာခိုင်နှုန်းခန့် လျှော့ချမယ့်အိန္ဒိယအစိုးရရဲ့ဆုံးဖြတ်ချက်က အစိုးရ ရဲ့ဆန်ဝယ်ယူမှုကို လျော့ကျစေမယ်၊ ထောက်ပံ့မှုတွေလျော့ကျစေမယ်၊ ဈေးကွက်တွေမှာဆန်ပိုတွေဝင်ရောက်ေ စပြီး ဈေး ကွက်ဈေးနှုန်းတွေကျဆင်းစေမှာဖြစ်လို့စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုသက်သာရာရစေမယ်၊အရည်အသွေးကောင်း တွေ

နေရာယူလာနိုင်မယ်၊ ပို့ကုန်ဈေးနှုန်းကျဆင်းလာမှာဖြစ်လို့ဘာစမာတီမဟုတ်တဲ့ဆန်တင်ပို့မှုပိုမိုတိုးတက်လာစေမယ်လို့ဆိုကြပါတယ်။ပြည်နယ် အစိုးရတွေအတွက်လည်းသိုလှောင်ရုံတွေမအားလပ်တဲ့ဖိအားတွေလျော့ပါးလာမှာဖြစ်ပါတယ်။အဲဒီအခြေအနေကိုကြည့် ပါကအိန္ဒိယနိုင်ငံအနေနဲ့WTOတာဝန်တွေကိုလိုက်လျောဖို့အစိတ်အပိုင်းအနေနဲ့သွားနေတာကိုလည်း မြင်ရမှာဖြစ်ပါတယ်။
 
လက်ရှိစနစ်က ဆန်ကြိတ်ခွဲခွန်နဲ့ စည်းကြပ်ခွန်ပေါင်းက ၃၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းရှိနေတဲ့အတွက် ဆန်ဝယ်ယူ မှုတွေအလွန်အကျွံဖြစ်စေပြီးသိုလှောင်ဆန်တွေစုပုံကာအလေအလွင့်များခြင်း၊ဗဟိုအစိုးရရဲ့ငွေကြေးအပိုကုန်ကျခြင်း ၊ ထောက်ပံ့မှုပိုမို မြင့်မားခြင်းတွေကိုဦးတည်စေခဲ့ပါတယ်။စည်းကြပ်မှုကို ၂၅ရာခိုင်နှုန်းကို လျော့ချလိုက်ခြင်းဖြင့် အဲဒီ လိုပျော့ကွက်၊ဟာကွက်တွေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်အဲဒီလိုစည်းကြပ်မှုကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချမယ့် အမိန့် သက်ရောက်မယ်ဆိုရင် ဈေးကွက်မှာဆန်တန်ချိန် ၁၀ သန်းခန့် အထိ ပိုမို ရရှိလာမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ စားနပ် ရိက္ခာဝန်ကြီးဌာနက ၂၀၁၄-၁၅ မှာ ဆန်တန်ချိန် ၂၁-၂၂ သန်းခန့် ဝယ်ယူ မှာဖြစ် လို့ ၂၀၁၃-၁၄ မှာ ဝယ်ယူခဲ့တဲ့ တန်ချိန် ၃၁ သန်းထက် လျော့ကျသွား မှာဖြစ်ပါတယ်။ဈေးကွက်တွေမှာရောင်း ချမှုပိုလာ ရင်ဆန်တင်ပို့ဈေးလည်းကျဆင်းမှာဖြစ်လို့ထိုင်းသို့မဟုတ်ဗီယက်နမ်မှ ဈေးနှုန်းယှဉ်ပြိုင်မှုတွေကို အိန္ဒိယဆန် တင်ပို့သူများ ပိုမိုထိရောက်စွာကိုင်တွယ်နိုင်တော့မှာဖြစ်တယ်လို့လည်း ခန့် မှန်းထားပါတယ်။ ဒါကြောင့် ၂၀၁၄-၁၅ အတွင်း ဆန်ပိုမို တင်ပို့နိုင်မယ့် အလားအလာကြောင့်မကြာမီအိန္ဒိယ ဆန်ဈေးက ဈေးအသက်သာဆုံးနဲ့ ဝင် ရောက်နိုင်တယ်လို့လည်း ခန့်မှန်း ထား ကြောင်း သိရပါတယ်။