Main menu

Background

နွေဧည့်မထစပါးထက် ပြည်စပါးဈေးကွက်မှာ နတ်တလင်းတောင်ပျံမွှေးစပါးဈေးကောင်းရနေ

Wed, 08/27/2014 - 09:08 -- ydnar

 
သြဂုတ်လအတွင်း နတ်တလင်း တောင်ပျံမွှေးစပါးများဟာ အမြင့်ဆုံး ဈေးလို့ဆိုရမလိုတောင်ဖြစ်နေပါ တယ်။ လှောင် လက်စီးပွားရေးသမားများအမြတ်အစွန်းရလို့ လှောင်ရကျိုးနပ်ခဲ့ရပါတယ်။ သြဂုတ်လ ပထမပတ်မှာ ဆို ရင် တောင်ပျံမွှေး စပါးဟာ ပေါင်၅၀ကိုက်နဲ့ ၈ သိန်းဈေးထိ ပေါက်ခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ အနည်း ငယ် လောက် သာ ဖြစ်ခဲ့ ပါတယ်။ဒုတိယပတ် အတွင်းမှာ တင်းတစ်ရာ ၅၀ ပေါင်

ကိုက် စပါးဈေး ၇၈၀၀၀၀ ကျပ်၊ ၄၆ ပေါင်ကိုက်ဈေးက ၇၁၇၆၀၀ ကျပ်နဲ့ ဈေးငြိမ်ပြီး အရောင်းအဝယ် ပြန်ဖြစ် ခဲ့ပါတယ်။ ယခင်ဇူလိုင်လ တောင်ပျံမွှေး စပါးဈေး ပေါင် ၅၀ ကိုက် ၇၃၅၀၀၀ ကျပ်၊ ၄၆ ပေါင်ကိုက်ဈေး ၆၇၆၂၀၀ ကျပ်နဲ့ နှိုင်းယှဉ်ရင် စပါးတင်းတစ်ရာ  ၄၆ ပေါင်ကိုက်နဲ့ ၄၁၄၀၀ ကျပ်ထပ် မံ ဈေးတက်လာကြောင်းတွေ့ရှိရပါတယ်။ ဆန်အိတ်ဈေးအနေဖြင့်လည်း ယခင် လနဲ့စာရင် တစ်အိတ်ကို ၁၀၀၀ ကျပ် ထပ်တက်လာတာ တွေ့ရပါတယ်။ ပြည် ဈေးကွက်ရဲ့ သြဂုတ်လ တောင်ပျံမွှေး တစ်အိတ်ဈေးကတော့ ရန်ကုန်မှာ ထိပ်စ ၃၂၀၀၀ ကျပ်ဖြစ်နေပြီး၊ ဒေသ တွင်း စားသုံးသူ အများဆုံးဖြစ်တဲ့အလတ်စ ဈေးကတော့ ၂၉၀၀၀ ကျပ်၊ ၃၀၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် သွက်နေပါတယ်။ ဧည့်မထ နွေစပါး ဈေးကတော့ ဈေးကျလာပါတယ်။ယခုလဧည့်မထ နွေစပါး တင်းတစ်ရာ၄၆ ပေါင် ဈေးဟာ ကျပ်သုံး သိန်းကျော်ရုံမျှရှိခဲ့ပြီး၊ယခင်လစပါးဈေးဟာ၃၅၉၀၀၀ ကျပ်ဖြစ်ခဲ့ပါတယ်။ယခုနှစ်နွေစပါးဟာရာသီဥတုဒဏ်ကြောင့် အရည် အသွေး မကောင်းခြင်းကြောင့် ဒေသတွင်းစားသုံးမှုနည်းခြင်း၊ ရန်ကုန်သို့အနည်းငယ်သာတင်ပို့နိုင်ခြင်း တို့ေ ကြာင့် စပါးဈေးကျဆင်းလာခဲ့ခြင်း ဖြစ်ပါတယ်။ ယခင် နှစ်နဲ့ နှိုင်းယှဉ်ရင် ယခု နွေစပါးဈေးဟာတင်းတစ်ရာကို ငါးသောင်းေ ကျာ် မျှ ဈေးကျဆင်းလာပါတယ်။ ဧည့်မထ နွေဆန် တစ်အိတ် ၁၄၀၀၀ ကျပ်ဖြစ်ပြီး ၅၀၀ ကျပ်ဈေးကျ လာ ကြောင်း တွေ့ရပါတယ်။ ယခင်နှစ် နွေဆန် တစ်အိတ်ကို ၁၅၀၀၀ ကျပ်-၁၅၅၀၀ ကျပ်ဖြစ်ခဲ့ပြီး၊ ယခုနှစ်မှာ ဆန် ဈေးကျဆင်းလာတာ တွေ့ရပါတယ်။ဧည့်မထ မိုးဆန် တစ်အိတ်ဈေးကတော့ ၁၇၅၀၀ ကျပ်-၁၈၀၀၀ ကျပ်နဲ့ဈေးငြိမ် နေပါတယ်။