Main menu

Background

စစ်တွေနယ်စပ်မှ ချင်းအစိုပိုမိုတင်ပို့

Wed, 08/27/2014 - 09:20 -- ydnar

 
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှကန် ဒေါ်လာ ၇၆၈၂ ကျော် တန်ဖိုးရှိဂျင်းအစို ၁၀၁ တန်ကို ဇူလိုင်လမှာ တင်ပို့ခဲ့ပါတယ်။ ဇွန်လမှာ ၄၇ တန်နဲ့ ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ ၄၉ တန် သာ တင်ပို့မှု ရှိခဲ့တဲ့ အတွက် အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက် ၂ ဆကျော် ပိုမိုတင်ပို့ခဲ့တယ်လို့ စစ်တွေနယ်စပ်မှ သတင်းရရှိပါတယ်။

ဇူလိုင်လမှာစစ်တွေနယ်စပ်မှတင်ပို့နိုင်ခဲ့တဲ့လယ်ယာထွက်ကုန်များမှာ မန် ကျည်းစေ့၊ ချင်းအစို၊ နနွင်းတက်၊ ကုလားပဲ၊ ဆန်၊ ကြက်သွန်နီ (အလတ်စ)၊ ဆီး ဖတ်၊ ဆန်နဲ့ကွမ်းသီးတို့ဖြစ်ကြပါတယ်။ ရေထွက်ကုန်အနေနဲ့ ရေချိုငါး (ငါးမြစ်ချင်း) နဲ့(ငါးခေါင်းပွ)များကို ဒေါ်လာသုည ဒသမ ၃၀၇ သန်းဖိုး တင်ပို့နိုင်ခဲ့တယ်လို့ သိရ ပါတယ်။