Main menu

Background

ပြည်ပဈေးကွက်အဝယ်အေးနေတဲ့ ရှမ်းချင်းဈေးကွက်

Wed, 08/27/2014 - 09:27 -- ydnar

 
ဒီတစ်ပတ်လည်း ရှမ်းချင်းExportက နားနေပါသေးတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့ ဈေးကွက်မှာအရောင်းဖွင့်နေ ဆဲဖြစ်တာေ ကြာင့် အဝယ်ကို ခဏရပ်ထားတယ်လို့ ဆိုပါတယ်။ ဝယ်လက်တွေကတော့ ပြန်ဝယ်ဖို့ ဈေးမေးလာပေမဲ့ အခုထိတော့ အရောင်းအဝယ်ကမဖြစ်သေးပါဘူး။ လောလောဆယ်လည်းချင်းကအဝင်နည်းလာသလို လက်ကျန်ကလည်းနည်း သွား ပါပြီ၊ချင်းအသစ်တွေကလည်းသီတင်းကျွတ်

လောက်မှသာစပြီးဝင်လာတော့မှာဖြစ်ပါတယ်။အသစ်တွေထဲ မှာ ကော ကာင်းရင့်တဲ့ ပစ္စည်းဆိုရင် တန်ဆောင်မုန်းမှာမှ ရမှာဖြစ်ပါတယ်။ သီတင်းကျွတ်မှာ ဖော် ရတဲ့ ချင်းကအနုေ တွသာ များပြီး၊ အပင်ဝါ၊ အပင်ခြောက်လို့ ဖော်ရတဲ့ ပစ္စည်း တွေဖြစ်ပါတယ်။ ချင်းက မြေကြီးထဲမှာ ထားရင်အရောင်မပြောင်း၊ အလေးချိန်လည်း မလျော့တာကြောင့် တချို့တောင် သူတွေက ဈေးကောင်းရတဲ့အချိန်ထိ ထားကြပါတယ်။ (နောက်နှစ် မေ၊ ဇွန်ထိ ထားနိုင်ပါ တယ်) အောင်ပ န်းေ ဈးကွ က် မှာတော့ ချင်းစိုက ပြည်ပဝယ်လက်တွေ ဝယ်ယူနေတဲ့ လက်ကားဈေးမှာ တစ် ပိဿာ ၁၂၀၀ ကျပ်-၁၃၀၀ ကျပ်ရှိပြီး ပြည်တွင်းဈေးနှုန်းလက်လီသမားတွေ ဝယ်ယူနေတဲ့ ထိပ်စကတော့ တစ်ပိဿာ ၁၄၀၀ကျပ်ဈေးရှိပါ တယ်။ချင်းခြော က် က တော့ပရဆေးသမားတွေ အဝယ်များသလို ဟင်းခတ်အမွှေး အကြိုင်အမှုန့်ပြုလုပ်ဖို့အတွက်လည်း ဝယ်ယူမှုရှိနေ တာကြောင့် တစ်ပတ်ကို ပိဿာချိန် ခြောက်ထောင် ခန့်အရောင်းအဝယ်ဖြစ်ပါတယ်။ ဒီ တစ်ပတ်ချင်းခြောက်ဈေးက တစ်ပိဿာ ၂၂၀၀ ကျပ်ဈေးရှိပါတယ်။