ချင်းပြည်နယ်၊ဖလမ်းမြို့နယ်ရှိကျေးရွာများမှ တောင်ယာ စိုက်ကြက်သွန်နီအစိုများကလေးမြို့နယ်သို့တစ်ရက်ကို ပျမ်းမျှ ပိဿာ ၂၈၀ ခန့်ဝင်ရောက်လျက်ရှိပြီးကလေးတွင်တစ် ပိဿာ ၄၅၀ ကျပ်မှ ၅၀၀ ကျပ်အထိ ဈေးရှိပါတယ်။ ဖလမ်းမှ ကလေး အထိတောင်ပေါ်လမ်းမိုင် ၈၀ ရှိပြီး၊ ကားသယ်ခတစ် ပိဿာကို ၂၅ ကျပ်ခန့် ပေးရ၍ ပိဿာ ၄၀ ဝင် တစ်အိတ်ကို ၁၀၀၀ ကျပ် ခန့်ပေးရပါတယ်။ ကုန်စိမ်းဖြစ်လို့ ကလေးရှိပွဲရုံမှ တစ်ပိဿာကို
ကော်မရှင် ၃၀ ကျပ်ဖြင့်ပြန်လည်သန့်စင်ပြီး တမူး ကုန်သည် သို့တစ်ဆင့်ပြန်ရောင်းပေးရာမှာ တင်ပို့သူ တောင်သူများမှလူမလိုက်ဘဲ ကားခအပါအဝင် သန့်စင်အိတ် သွပ် ၊ချိန်ခ ၊အလျော့တွက်များကျခံရပြီးတမူးကုန်သည်မှပေးသောဈေးနှုန်းအတိုင်းတွက်၍ကော်မရှင်နုတ်ကာငွေရှင်းပေးရကြောင်း ၊ကြက်သွန်နီများမှာအစိုဓာတ်ရှိသေးလို့နှစ်ပတ်ခန့်သာပြုပြင်ချိန်ရပြီးအိန္ဒိယဘက်မှမကြာခဏလမ်းပိတ်ခြင်း ကြောင့်တမူး ကုန်သည်ဝယ်လက်အပေါ်မူတည်ပြီး လမ်းသို့ ဖုန်းဖြင့်ဆက်သွယ် လျက် ပစ္စည်းမှာေ ပးရကြောင်း ၊ တစ်နှစ်ကို သြဂုတ်လမှ နိုဝင်ဘာလအထိ လေးလခန့်အလုပ်ဖြစ် ကြောင်း၊ ကြက်သွန်နီအပြင် ဂေါ်ဖီထုပ်၊ ခရမ်းချဉ်၊ ပဲသီး တောင့် များကိုကားတစ်စီးထဲစု၍ပို့ပေးသော်လည်းကြက်သွန်နီတစ်မျိုးသာတမူးမှတစ်ဆင့်အိန္ဒိယဘက်သို့အနည်းငယ် စီးထွက်ေ ကြာင်း၊ကလေးမြို့၊တာဟန်းရပ်ကွက် (ဘဝသစ်)ပွဲရုံပိုင်ရှင်ကရှင်းပြပါတယ်။တာဟန်းရပ် ကွက် ဟာချင်းတိုင်း ရင်းသား ကုန်စိမ်းပွဲရုံ ၇ ရုံခန့်ရှိပြီး၊ ချင်းတိုင်းရင်းသားအများစု နေထိုင်ရာရပ်ကွက် ဖြစ်ပါတယ်။ကလေးမှ တမူးသို့ ၈၄ မိုင် ၊ မြေပြန့်လမ်းဖြစ်ပြီး ပိဿာ ၄၀ ပါကြက်သွန်နီတစ်အိတ်ကို ကားသယ်ခ ၁၂၀၀ ကျပ် ခန့်ပေး၍ တမူးတွင် ကြက်သွန်နီ တစ်ပိဿာ ၇၀၀ ကျပ်ခန့် ဈေးပေါက်ကြောင်း၊ ကလေးတွင်အောက်ပိုင်း မန္တလေး (မြစ်သား) ကြက်သွန်နီ (ရေကုန်) တစ်ပိဿာကို ၈၅၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ ဈေးရှိ၍ ဒေသအလိုက် ထွက်ပေါ်ချိန်မတူခြင်းအပေါ် ချင်းပြည်နယ်မှ ကြက်သွန်နီများအနိမ့် ဈေးဖြင့်ဝင်ရောက်လာခြင်းကြောင့် ပြည်ပပို့ကုန်ပမာဏတိုးလာသကဲ့သို့အခြေခံလူ တန်းစားများ အနေဖြင့်လည်းအောက်ကြက်သွန်နီ၏ဈေးမြင့်မှုဒဏ်မှအထိုက်အလျောက်သက်သာ၍ဒေသတွင်းကုန်ဈေးနှုန်းထိန်းထားနို င် သကဲ့သို့ အကျိုးသက်ရောက်မှုရှိကြောင်းလည်း သိရပါတယ်။