Main menu

Background

ထိုင်းနဲ့ အိန္ဒိယမှ ဘိလပ်မြေများဝင်

Fri, 08/29/2014 - 09:03 -- ydnar

ကန်ဒေါ်လာတစ်ဆယ့်ခြောက်သိန်းကျော်တန်ဖိုးရှိဘိလပ်မြေ ၁၈၉၉၁ဒသမ၆၃တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ သြဂုတ် ၁၀ ရက်မှ ၁၆ ရက်သီတင်းပတ်အတွင်း ပြည်တွင်းကို မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံ မှဘိလပ်မြေ ၁၆၁၉၁ ဒသမ ၅၃ တန်နဲ့ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၂၈၀၀ ဒသမ ၁၀ တန်ဝင်လာခဲ့ပါတယ်။ ဝင်လာတဲ့ဘိလပ်မြေတံဆိပ်များမှာစိန်တံဆိပ်၊ဆင်တံဆိပ်နဲ့ရန်ကိုတံဆိပ်ဘိ လပ်မြေများဖြစ်ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ နှစ်ထောင့်ကိုးရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ  ဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။