၂၀၁၄သြဂုတ်လ ၁၀ရက်မှ သြဂုတ်လ ၁၆ ရက်သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှဘိလပ်မြေအဝင်မှာ တန်ချိန် တစ်သောင်းရှစ်ထောင်ကျော်ရှိခဲ့ပြီးဒီတစ်ပတ်မှာဘိလပ်မြေတန်ချိန် တစ်သောင်းခြောက်ထောင်ကျော် အဝင်ခဲ့ တယ်လို့ သိရပါတယ်။နယ်စပ်လမ်းမှဘိလပ်မြေအဝင်မှာတန်ချိန်ရှစ် ထောင်ငါးရာ ကျော်ရှိတာကြောင့် တန်ချိန် တစ်ေ ထာ ငါးရာကျော်အဝင်ပိုခဲ့တယ်လို့သိရပါတယ် ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ
ဘိလပ်မြေ အဝင်ပိုခဲ့သလို နယ်စပ်လမ်း မှလည်းဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။မန္တလေးဈေးကွက်မှာဘိလပ်မြေကဒီတစ်ပတ်မှာအရောင်းအဝယ်အေးတဲ့အပြင်အနည်း ငယ်ကျပြီးအရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြည်တွင်းဘိလပ်မြေများမှာ တစ်ရာကျပ် မှစ်ရာကျပ်အတွင်းဈေး ကျလာပေမယ့်ထိုင်းနိုင်ငံထုတ်ဘိလပ်မြေများမှာလေးရာကျပ်ထိဈေးကျလာတယ်လို့သိရပါတ ယ်။ဒီတစ်ပတ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ အေသုံးလုံးဘိလပ်မြေ ၄၇၀၀ ကျပ်၊ မြန်မာ ဆင် ၄၇၀၀ ကျပ်၊ ဆင်မင်း (ကျောက် ဆည်) ၄၆၀၀ကျပ်၊ကျားခေါင်းဘိလပ်မြေ ၄၅၀၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ ၄၆၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၆၀၀ ကျပ်၊ စိန်(ထိုင်း) ၆၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ၆၂ လမ်း၊၂၈ထ၂၉ ကြားမှာ ရှိတဲ့ ဘိလပ်မြေ အရောင်း ဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။မော်လမြိုင် ဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် ပုံမှန်ရှိတယ်လို့ သိရပါတယ် ဒီရက်ပိုင်းမိုးလည်းနည်းလာတာကြောင့်နဲ့ အနီးနားရွာများမှဆင်း ဝယ်တာကြောင့်ရောင်း အားတက် တယ်။ ဘိလပ်မြေဈေးကမတက်ဘဲနည်းနည်းတောင် ကျသွားသေး တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှတာဝန်ရှိသူတစ်ဦးမှပြောပြ ပါတယ်။ ဈေးကျတဲ့ ဘိလပ် မြေများ ကထိုင်း(ဆင်)နဲ့ ကြံ့ (မြိုင်ကေ လး)ဘိလပ်မြေများ ကတစ်ရာဝန်း ကျင် ဈေးကျလာ တယ်လို့သိရ ပါတယ်။ဒီတစ်ပတ်ဈေး ကွက်ထဲ အရောင်း အဝယ်ဖြစ်တဲ့ ဈေးက ဆင်(ထိုင်း) ဘိလပ်မြေ ၄၈၀၀ ကျပ်၊ မြင်းခေါင်း ဘိလပ်မြေ၄၁၀၀ကျပ်၊ ကြံ့(မြိုင် ကေ လး) ဘိလပ်မြေ၃၈၀၀ကျပ်၊ စိန်ဘိလပ်မြေ ၄၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။တော င်စြျးကွက်မှာဘိလပ်မြေကဒီတစ်ပတ်မှာအရောင်းအဝယ် အေးပြီး ဈေးငြိ မ်နေတယ်လို့ သိရပါတယ်။ ဈေးကွက် ထဲအရောင်း အဝယ်ဖြစ် နေတဲ့ေ ဈးမှာစိန်(ထိုင်း) ၇၂၀၀ ကျပ်၊ခြင်္သေ့ဘိလပ်မြေ ၅၀၀၀ကျပ်၊အပါချီ ဘိလပ်မြေ ၄၉၀၀ကျပ် ၊ကျားခေါင်း၅၀၀၀ကျပ်၊နဂါးဘိလပ်မြေ ၅၀၀၀ကျပ် နဲ့အရောင်းအဝယ်ဖြစ် တယ် လို့အနောက်မြို့ပတ် လ မှာရှိတဲ့အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှသိရှိရပါတယ်။ရန်ကုန်ဈေးကွက်မှာဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ်ပုံမှန်ရှိပေမဲ့ဆင်(ထိုင်း)ဘိလပ်မြေဈေးကငါးဆယ်ဝန်းကျင်ဈေးကျလာပြီးကျန်ဘိလပ်မြေတွေ ကေ တာ့ ယခင်ဈေးနဲ့ပဲအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ဈေးကွက်ထဲအရောင်း အဝယ်ဆင် (ထိုင်း) ဘိလပ်မြေ၅၃၀၀ကျပ်၊ စိန် (ထိုင်း)ဘိလပ်မြေ ၅၂၅၀ ကျပ်၊ အပါချီဘိလပ်မြေ ၅၀၀၀ကျပ်နဲ့ အရောင်း အဝယ် ဖြစ် တယ် လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရပါတယ်။