သြဂုတ်လ ၁၀ ရက်မှ ၁၆ သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ခြောက်သိန်း ငါးသောင်းကျော်တန်ဖိုးရှိ နို့ဆီ ၅၀၀ ဒသမ ၉၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဒွန်းနို့ဆီတစ်မျိုးသာ တင်သွင်း လာခဲ့ပါတယ်။ယခင်သီတင်းပတ် နို့ဆီအဝင်မှာ တန်ချိန်တစ်ရာ့သုံး ဆယ်ကျော်ရှိခဲ့တာကြောင့် တန်ချိန် သုံးရာကျော် အဝင်ပိုခဲ့ပါတယ်
။ နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန်မှ ၂၅ ဒသမ ၂၀ တန်၊ စင်ကာပူ နိုင်ငံမှ နို့မှုန့် ၁၈ ဒသမ ၈၅၅ တန်နဲ့ အမေရိကန်နိုင်ငံမှ ၈၆ ဒသမ ၇၉၃ တန်တင်သွင်း ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အမေရိကန်နိုင်ငံမှ အများဆုံးတင်သွင်း လာ တာတွေ့ရပါတယ်။ ယခင်သီတင်း ပတ်အဝင်နဲ့ ယှဉ်ရင် ၁၇ တန်ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ