ပြည်ဈေးကွက်သို့ဆီထွက်သီးနှံများ ဝင်ရောက်နေပြီဖြစ်သော်လည်း အနည်းငယ်သာရက်ခြားဝင်ရောက် နေ တာ တွေ့ရ ပါတယ်။မနှစ်ကယခုအချိန်မျိုးဆိုရင်နှမ်းနဲ့မြေပဲများလှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ယခုနှစ်မှာရာသီဥတု ဒဏ်ကြော င့် မိုးနောက်ကျသဖြင့် အစိုက်နောက်ကျလို့ စက်တင်ဘာလ လောက်မှ
အထွက်လှိုင်မယ်လို့ သိရပါ တယ်။ ဈေးနှုန်းမှာ လည်းယခင်နှစ်ယခုလိုအချိန်တွင်နှမ်းနီတစ်တင်း၃၄၀၀၀ကျပ်နှမ်းနက်တစ်တင်း၄၀၀၀၀ကျပ်ဈေးရှိခဲ့ပြီး၊ယခုနှစ် တွင် နှမ်းနီ တစ်တင်း၄၀၀၀၀ကျပ်နဲ့ နှမ်းနက်တစ်တင်း၅၃၀၀၀ကျပ်ဈေး ဖြင့်ယခင်နှစ်ထက် ဈေးမြင့်လာပါတယ်။ ယခုလိုဈေးပိုရခြင်း မှာယခင်နှစ်တွင်ယခုအချိန်၌ နှမ်းများဈေးကွက်တွင် လှိုင်ချိန်ဖြစ်ပြီးဈေးလျော့လာချိန် ဖြစ်ပါတယ်။ ယခုနှစ်မှာ နှမ်း အထွက် နောက်ကျသဖြင့် ဈေးကွက်သို့နှမ်းအရောက်နည်းနေပြီး ဈေးမြင့်နေပါတယ်။ မြေပဲဆန် မှာလည်အဝင်နည်းေ န သေးသဖြင့် ဈေးမှာတက်ရိပ်ပြနေတာ တွေ့ရပါတယ်။ဆီစက်သမားများကအဝယ်ရှိ့ ဈေးမှာ မြေပဲဆီဆန် တစ်ပိဿာ ၁၇၀၀ ကျပ် နဲ့ လုံးဆန်တစ် ပိဿာ ၁၈၅၀ ကျပ်ထိ ဈေးမြင့်နေတာ တွေ့ရပါတယ်။