တောင်ကြီးဈေးကွက်မှာ ဈေးအတော်လေးငြိမ်နေခဲ့တဲ့ မြေပဲဈေးမှာ သြဂုတ်လရဲ့ပထမအပတ်ကစပြီး ဈေး လှုပ်လာပါ တယ်။ မနှစ်က မြေပဲဈေးမကောင်းလို့တောင်သူအချို့ စိတ်ဓာတ်ကျပြီး မြေပဲမစိုက်တော့ဘဲ အစေ့ထုတ် ပြောင်းတွေ ကိုပြောင်းလဲစိုက်ကြလို့ မြေပဲစိုက်ဧကတွေလျော့ပြီးအထွက်နှုန်းလည်းလျော့ခဲ့ပါတယ်။
မြေပဲပေါ်ချိန်ကတည်းက တစ်ပိဿာ ကို ၁၂၀၀ ကျပ်၊ ၁၂၅၀ ကျပ်ဝန်းကျင်နဲ့ ဈေးစဖွင့် ခဲ့ပြီးနောက်ပိုင်းမှာ ၁၃၀၀ကျပ်၊ ၁၃၅၀ ကျပ် ဈေးရှိခဲ့ပါတယ်။ မြေပဲဈေးတစ်ပိဿာ ၁၃၀၀ ကျပ်၊၁၃၅၀ ကျပ်နဲ့အတော်ကြာ ဈေးငြိမ်ခဲ့ပြီး ငြိမ်နေခဲ့ပါ တယ် ။ ပြည်ပကစားအုန်းဆီအဝင်များ ပြီး မြေပဲဈေးကလည်း ငြိမ်ကာအရောင်းအေးခဲ့တာကြောင့်ဆီစက် အချို့ မှာပိတ် ထား ပြီး အော်ဒါရှိတဲ့အချိန်မှသာနဝလီကြိတ်ခွဲ ရောင်းကြတဲ့အထိဖြစ်ခဲ့ပါတယ်။ ဒီလရဲ့ ပထမပတ်လောက်မှာတော့မြေပဲဈေး တက်လာခဲ့ပါတယ်။တစ်ပိဿာကို ၁၄၀၀ ကျပ်မှ ၁၅၀၀ ကျပ်နဲ့ ဈေးတက် လာခဲ့ပြီးဒီတစ်ပတ်မှာတော့ တစ်ပိဿာ ကို ၁၆၀၀ ကျပ်ထိ တရုတ် အဆွဲရှိလို့ ဈေးတက်လာတယ်လို့လည်း သိရပါ တယ်။ ပစ္စည်းလက်ကျန်ကတော့ နည်းနေပြီး ၊ မိုင်းရှူး ၊ ကျေးသီး၊ လဲချားဘက်ကထွက်တဲ့ ရှမ်းပဲတွေသာ လှောင်လက်အချို့ဆီမှာ အနည်းငယ် ရှိပါတယ်။ ဒီလကုန်ပြီး စက် တင်ဘာ လောက်မှာတော့ မိုးမြေပဲတွေစထွက် တော့မှာဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မိုးကလည်းမနည်းလွန်း၊ မများ လွန်း ရွာတာကြောင့်မြေပဲအထွက်နှုန်းကတော့မနှစ်ကထက်ကောင်းနိုင်မယ်လို့တောင်သူများကမျှော်လင့်နေကြပါတယ်။