စားအုန်းဆီကြမ်းဈေးနဲ့ ပြိုင်ဖက်ဆီထွက်သီးနှံများ ဈေးနှုန်းကျဆင်းလာတဲ့အချိန်မှာရင်းဂစ်တန်ဖိုးကလည်း ဈေးမာလာ တဲ့အတွက် သြဂုတ်လ ၂၁ ရက် နေ့မှာမလေးရှားစားအုန်းဆီဈေးကငါးနှစ်အတွင်းအနိမ့်ဆုံးဈေးကိုကျဆင်းလာ ၊ထိုသို့ ကျဆင်းမဲ့အနေအထားကမည်မျှကြာဦးမည်ကိုမသိရသေးကြောင်းဘီရီကော်ဒါသတင်းမှာဖော်ပြ ထား ပါတယ်။
ပို့ကုန်များ နှေးကွေးလာခြင်းနဲ့အမေရိကန်ပဲပုပ်ထုတ်လုပ်မှုအလားအလာကစံချိန်တင်မြင့်တက်လာတဲ့အတွက် အခု ရက်သတ္တပတ်အတွင်းမှာ စားအုန်းဆီဈေးက၂၀၀၉ ခုနှစ် အောက်တိုဘာနောက်ပိုင်းအနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်မှာ စားအုန်းဆီဈေးကသုည ဒသမ ၀၅ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၀၅၀ ရင်းဂစ် (၆၄၆ ဒေါ်လာ) နှုန်း ရှိခဲ့ပါတယ်။ စုစုပေါင်းရောင်းချမှုက သြဂုတ်၂၁ ရက်နေ့မှာ ၂၅ တန်ရှိ အတွဲ ၁၁၁၅၉ တွဲရှိခဲ့ရာပျမ်းမျှရောင်းချရတဲ့အတွဲဖြစ်တဲ့ ၁၂၅၀၀ တွဲအောက် ကျဆင်းခဲ့ပါတယ်။
စားအုန်းဆီဈေးက ပြိုင်ဖက်စားသုံးဆီနဲ့အများသုံးအစားအစာနဲ့ လောင်စာစွမ်းအင်အစားထိုးဖြစ်တဲ့ပဲပုပ် ဆီနောက်ကို လိုက်တက်တာတွေ့ရပါတယ်။ထိပ်တန်းတင်ပို့နိုင်ငံဖြစ်တဲ့အမေရိကန်ပြည်ထောင်စုမှာ ပဲပုပ် အထွက် က အလျှံပယ်ဖြစ် လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။သြဂုတ်လ၂၁ရက်နေ့မှာမလေးရှားရင်းဂစ်တန်ဖိုးက၁၀လအတွင်းအမြင့်ဆုံးနှုန်း ကို ရောက်ရှိ ခဲ့ ပါတယ်။ အခြားပြိုင်ဖက်သီးနှံ ဈေးကွက် ဖြစ်တဲ့ အမေရိကန်ပဲပုပ်ဈေးကွက်မှာ ဇူလိုင်လအတွက် ကြိုရောင်းဈေးက သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး၊ တရုတ်ဒါလီယံဈေးကွက်မှာ စက်တင် ဘာလအတွက် ပဲပုပ်ဆီဈေးက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။