Main menu

Background

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် Keidanren အဖွဲ့တွေ့ဆုံ

Mon, 09/01/2014 - 07:52 -- ydnar

 
ဂျပန်နိုင်ငံမှစီးပွားရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့်Keidanren၏ဖိတ် ကြားချက်အရ သြဂုတ်လ ၁၉ ရက်နေ့ တွင် ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးခင်မောင်တင်ဦးဆောင်၍တိုကျို မြို့မြန်မာသံရုံးမှသံမှူးကြီး၊ စီးပွားရေးသံမှူးနှင့် စီးပွားရေးဆိုင်ရာသံအရာရှိတို့လိုက်ပါလျက် တိုကျိုမြို့ရှိ

အဆိုပါ အဖွဲ့ရုံးချုပ်သို့ သွားရောက်၍ နှစ်နိုင်ငံ ကုန်သွယ်ရေး ၊ရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်း ဆောင်ရွက်မှုတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။ ဂျပန် Keidanren အဖွဲ့မှဝါရင့်ဦးဆောင် ညွှန်ကြားရေးမှူးမစ္စတာစာတိုးရှိမုကုတ နှင့်နိုင်ငံတကာပူးပေါင်း ဆောင်ရွက် ရေးဗျူရိုမှတာဝန် ရှိ ပုဂ္ဂိုလ်များကြိုဆို တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
 
မြန်မာသံအမတ်ကြီးမှအစိုးရသစ်တက်လာပြီးနောက် မြန်မာ-ဂျပန်နှစ် နိုင်ငံပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုနှ င့်ရင်းနှီးမြှုပ်နှံမှုျအခြေအနေများတိုးတက်ကောင်းမွန်လာသည့်အခြေအနေများKeidanrenအဖွဲ့မှအထောက်အကူြ ပု တိုက်တွန်းဆွေးနွေးဆောင်ရွက်ခဲ့သဖြင့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေးနှင့်အကာအကွယ်ပေးရေးစာချုပ်ကို ၂၀၁၃ ခုနှစ်နိုင်ငံတော်သမ္မတကြီး၏ခရီးစဉ်အတွင်းလက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ပြီးသည့်အခြေအနေများ၊ မြန် မာနိုင်ငံ တွင်လျှပ်စစ်ကဲ့သို့သောအခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေ၊ Keidanr en အဖွဲ့အား မြန်မာသံရုံးမှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေများနှင့် ဆက်လက်၍ ရင်း နှီးချစ်ကြည်ပူးေ ပါင်းေ ဆာင်ရွက်သွား မည့်အခြေအနေများ၊ နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုတိုးတက်ရေးနှင့်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတိုး တက်ရေးအတွက်ဆက်လက်ကူညီပံ့ပိုးဆောင်ရွက်သွားမည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ မှအလားအလာကောင်းသည့်သီလဝါအထူးစီးပွားရေးဇုန်၊ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ကျောက်ဖြူအထူးစီးပွားေ ရးဇုန်များတွင်ဂျပန်ကုမ္ပဏီများလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးကိုလည်းဖိတ်ခေါ်ဆွေးနွေးခဲ့ကြောင်းလည်းသိရှိရပါသည်။
Keidanren အဖွဲ့၏ ဆွေးနွေးချက်အရလာမည့် နိုဝင်ဘာလ ၂၆ ရက် နေ့တွင် မြန်မာ-ဂျပန်နှစ်နိုင်ငံပူးတွဲ၍ စီးပွားရေးကွန်ဖရင့်တစ်ရပ်ကိုဂျပန်နိုင်ငံတိုကျိုမြို့တွင်ကျင်းပသွားနိုင်ရန်စီစဉ်ထားပါကြောင်း၊အဆိုပါကွန်ဖရင့်ကို ပြည်ေ ထာင်စ သမ္မတမြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်နှင့် ဂျပန်နိုင်ငံ ုနင-ိညေမနည  အဖွဲ့တို့အနေဖြင့်လက်ရှိ ဆောင်ရွက်နေသည့်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများအရှိန်အဟုန်မြှင့် တင် ဆောင်ရွက် သွားရေးနှင့်မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းသစ်များ ပူးတွဲရှာ ဖွေဖော်ထုတ် သွားရေးအတွက်ရည်ရွယ်၍ဆောင်ရွက်ကြောင်းလည်းသိရှိရပါသည်။လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊စီးပွားရေးဝန်းကျင်ဆိုင်ရာတိုးတက်ရေးများကိုဆွေးနွေးခြင်း၊ကုန်သွယ်မှုရင်းနှီးမြှုပ်နှံ မှု ကဏ္ဍတွBusiness networking  များပြုလုပ်၍ အမြင်များကို တက်တက်ကြွကြွဖလှယ် သွားကြမည်ဖြစ်ကြောင်း လည်း သိရှိရပါသည်။ အဆိုပါစီးပွားရေးကွန်ဖရင့်သို့ အဓိကအားဖြင့် ဂျပန်နိုင်ငံမှKei-danren  ဥက္ကဋ္ဌ ဦးဆောင် သည့်စီးပွားရေးလုပ်ငန်းရှင် ၁၀၀ မှ ၂၀၀ခန့် အထိတက်ရောက်မည်ဖြစ်ပြီး မြန်မာ နိုင်ငံဖက်မှ ပြည်ထောင်စု သမ္မတြ မန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့်စီးပွားရေး လုပ်ငန်းရှင် ၅၀ ဦးခန့်ကိုလည်း ဖိတ် ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့မှစီးပွားရေးကဏ္ဍတွင် ဦးေ ဆာင်နေသည့်ပြည်ထောင်စုဝန်ကြီးများကိုလည်းတက်ရောက်နိုင်ရေးအတွက်ဖိတ်ကြားသွားမည်ဖြစ်ကြောင်းလည်း သိရှိ ရပါသည်။ ဆွေးနွေးမှုရလဒ်အနေဖြင့်မြန်မာ-ဂျပန်နှစ်နိုင်ငံအကြား ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချစ်ကြည်ရင်းနှီး ပူး ပေါင်းေ ဆာင်ရွက်ရေးနှင့် မြန်မာ-ဂျပန် ပူးတွဲ စီးပွားရေးဖိုရမ် ကျင်းပနိုင်ရေး အတွက် တိုကျိုမြို့မြန်မာသံရုံးမှ လိုအပ်သည်များ ကို ကူညီပံ့ပိုးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။