Main menu

Background

ဘန်ကောက်မြို့၌ ွှ့Thailand is back ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ

Mon, 09/01/2014 - 08:00 -- ydnar

 
ထိုင်းနိုင်ငံစက်မှုအသင်းချုပ်သည် The Nation, Asia News  Network တို့နှင့်ပူးပေါင်း၍Thailand is back"  ခေါင်းစဉ်ဖြင့် အပြည် ပြည်ဆိုင်ရာဆွေးနွေးပွဲကိုဇူလိုင် ၉ ရက် နေ့တွင် ဘန်ကောက်မြို့ရှိ Dusit Thani Hotel၌ကျင်းပခဲ့ပါသည်။ထိုင်းနိုင်ငံအပေါ်အပြည်ပြည်ဆိုင်ရာစီးပွားရေး

အသိုက်အဝန်း၏ယုံကြည်မှုပြန်လည်တည်ေ ဆာက်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
 
ထိုင်းနိုင်ငံစက်မှုအသင်းချုပ်ဥက္ကဋ္ဌ Mr.Supant  မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် အာရှငြိမ်း ချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းရေးကောင်စီ (APRC) ဥက္ကဋ္ဌDr.Surakiart (ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သူ)ကအဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့သံရုံးများမှကိုယ် စားလှယ်များ ၊အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ပုဂ္ဂလိကအဖွဲ့အစည်းများ၊စက်မှုအသင်းချုပ်အဖွဲ့ဝင်များ/စီးပွားရေးလုပ်ငန်းရှင် များ စုစုပေါင်း ၄၀၀ ကျော်တက်ရောက်ခဲ့ကြပါသည်။
အာရှငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိ နှိုင်းရေးကောင်စီဥက္ကဋ္ဌ Dr.Surakiart မှမိန့်ခွန်းပြောကြားရာတွင် ထိုင်းနိုင်ငံ ၌ နိုင်ငံရေးပဋိပက္ခများ ၈ လခန့်ဖြစ်ပွားခဲ့ ပါကြောင်း၊ မေလ ၂၂ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် စီးပွားရေးပြန်လည်တည်ဆောက်ခြင်း၊ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဖြင့်အစိုးရနှင့်ပုဂ္ဂလိကလက်တွဲ၍ထိုင်း နိုင်ငံ အား ယခင်အတိုင်းသာယာပျော် ရွှင်ဖွယ်ကောင်းသောအခြေအနေ သို့ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက် လျက် ရှိကြပါကြောင်း၊လယ်သမားများအား ပေးရန်ကျန်ရှိသည့်ဘတ် ၉၀ဘီလီယံကျော်ရှိသော ကြွေးမြီများကို ပေးချေေ ပးခြင်း၊ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏အထူးအခွင့်အရေးပေးသောအစီအစဉ်အတွက်ကာလကြာရှည်စွာ စောင့်စားနေခဲ့ရေ သာဘတ်၂၀၀ဘီလီယံဖိုးရှိသည့်စီမံကိန်းများကိုအတည်ပြုပေးခြင်းစသည်တို့ကိုဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း ၊ နောက်ထပ် ဘတ် ၄၀၀ ဘီလီယံဖိုးရှိသည့် စီမံကိန်း များကို အတည်ပြုပေးရန် စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း၊ စီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်ကိုလည်း ဖော်ထုတ်သတ်မှတ်၍အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ပါကြော င်း ထည့်သွင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲပထမပိုင်းတွင် "Thailand taking a lead as AEC Investement Hub"  ခေါင်းစဉ်ဖြင့် လည်းေ ကာင်း၊ ဒုတိယပိုင်းတွင် New Business Models and Stategies for Sustained Business Growth " ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ ကြပါသည်။
SCG ဥက္ကဋ္ဌ  Mr.Kan Trakulhoon  မှ ဆွေးနွေးရာတွင်လက်ရှိစစ်အစိုးရအနေဖြင့် ထိုင်းနိုင်ငံ၌ စီးပွားေ ရး ဆောင်ရွက်ရန်အဟန့်အတားဖြစ်စေသောဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်သင့်ပါ ကြာင်း၊ ထိုင်းနိုင်ငံ အနေဖြင့် ွRegional Operating Headquarters အတွက် အချက်အချာနေရာဖြစ်နိုင်ပါ ကြောင်း၊ ၎င်းင်းအနေဖြင့် မကြာသေးခင် ကဂျပန်ရှိ စီးပွားဖက်များနှင့် တွေ့ဆုံခဲ့ စဉ်ထိုင်းနိုင်ငံ၏ အခြေအနေနှင့် ပတ် သက်၍ ဆွေးနွေးမှုများ ရှိခဲ့ပါကြောင်း၊ဂျပန်လုပ်ငန်းရှင်များအနေဖြင့်ထိုင်းနိုင်ငံ၌စီးပွားရေးလုပ်ငန်းများကိုယခင်အတိုင်းဆက်လက်ေ ဆာင်ရွက် လိုဆဲဖြစ် ပါကြောင်း ပြောကြားခဲ့ပါသည်။
Mr.Boonchai Chokwatana   မှဆွေးနွေးရာတွင် ထိုင်းနိုင်ငံ၌ ပြည်သူ နှင့်စီးပွားရေးအသိုက်အဝန်း၏ ယုံကြည် မှုလည်းပြန်လည်တိုးတက်ကောင်းမွန်လျက်ရှိပါကြောင်း၊လက်ရှိစစ်အစိုးရအနေဖြင့်စီးပွားရေးပြန်လည်ဦးမော့လာ စေ ရန် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်နေပါကြောင်း၊ ပြည်ပတင်ပို့မှုသည် ပြန်လည်ကောင်းမွန်လာပြီဖြစ် ေ ကြာင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ Mr.Frank Krings မှဆွေးနွေးရာတွင်အသွင်ကူးပြောင်းဆဲနိုင်ငံတစ် နိုင်ငံအနေဖြင့် ကျွမ်းကျင်မှု/အရည်အချျငိး (Competency)ကိုတည်ဆောက် ၍ ယှဉ်ပြိုင်မှု(Competency)ကို လက် ကိုင်ပြုထားသင့်ကြောင်း၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မူဘောင်ကို ချမှတ်ထားသင့်ကြောင်း၊ တီထွင်မှုကိုအရှိန် မြှင့်တင် ဆောင်ရွက်သင့်ကြောင်း၊ နည်း ပညာ ဖွံ့ဖြိုးတိုးတက်ရေးကိုတွန်းအား ပေးသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါ သည်။ ၎င်းင်းတို့အနေဖြင့် ထိုင်းနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများကိုယခင်အတိုင်း ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးကို လှုံ့ ဆော်ရန် အစိုးရအနေဖြင့်စီးပွားရေးမူဝါဒများချမှတ်ခြင်း၊ စီးပွားရေးလုပ်ငန်း စဉ်များ သတ်မှတ်ခြင်း၊၂၀၁၅ဘဏ္ဍာ နှစ် အတွက်ရသုံးမှန်းခြေငွေစာရင်းရေး ဆွဲခြင်းများ၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အကောင် အထည်ဖော်ဆောင်ရွက်မှုကိုတွန်းအားပေးခြင်းစသည်တို့ကို ဆောင်ရွက်သကဲ့သို့ ပုဂ္ဂလိကကဏ္ဍမှလည်း ရင်းနှီးမြှု ပ်နံှသူများ၏ ယုံကြည်မှုပြန်လည်အားကောင်းလာစေရန် "Thailand is back" ခေါင်းစဉ်ဖြင့် ဆွေးနွေး ပွဲကျင်းပခဲ့ပါေ ကြာင်း သတင်းရရှိသည်။