Main menu

Background

တွဲခေါ်ပါသည်၊တွန်းပို့ပါသည် လူနေမှုဘဝမြင့်မားလာအောင်

Tue, 09/02/2014 - 08:19 -- ydnar

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနေဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတစ်ရပ်ဖြစ်ပေါ်လာစေ ရန်ရည်ရွယ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင်မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သည်လည်းအရေးကြီးသည့်ဒေသ ကြီးတစ်ခုအနေဖြင့်ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနင့်ဆင်းရဲမှုလျှော့ချရေးအတွက်နိုင်င်ငံတော်မှ

ချမှတ်ထားသောလုပ်ငန်းစဉ်၈ရပ်ဖြင့် အကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိပါတယ်။၎င်းလုပ်ငန်းစဉ်၈ရပ်တွင်တစ်ခုအပါအဝင်ဖြစ်ေ သာ ကျေးလက်ဒေသအသေးစား ကုန် ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုနှင့်အတူကုန်သွယ် မှုမြှင့်တင်ရေးဦးစီးဌာနမှအရာထမ်း၊အမှုထမ်းများပူးပေါင်းပါဝင်လျက်စီမံချက်များချမှတ်ပြီးအကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်အတွင်းမှာရှိတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုပပျောက်ရေး အကောင်အထည် ဖော် မည့်ရည်မှန်းချက်များ အောင်မြင်စေရေး၊ ပြည်သူလူထုဆင်းရဲမှုလျှော့ချရေးအားထိရောက်စွာအကူအညီ ပေးနိုင် ရေး၊ နယ်မြေအသီးသီး၊ ကျေးရွာအုပ်စုနှင့် ကျေးရွာအားလုံး တွင်အလုပ်အကိုင်များပွင့်လန်းလာပြီးလူတိုင်းလူတိုင်း အလုပ် လုပ်ကိုင်ခွင့်ရရှိပြီးဝင်ငွေ(မိသားစုတစ်စုချင်း၏ဝင်ငွေ)တိုးပွားလာရေးအတွက်ရည်ရွယ်ပြီးကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆပ်ကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။
 
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ကြီး၏ အရှေ့ဘက်မှာတည်ရှိပြီး စီးပွားရေး အချက်အချာကျသောဒေသကြီးတစ်ခုဖြစ်တာကြောင့် ပြည်တွင်းကုန်သွယ်မှုသာမက နယ်စပ်ဖြတ်ကျော် ကုန်သွယ်ေ ရးအတွက်လူဦးရေများပြားပြီးအပြန်အလှန်စီးပွားရေးဆောင်ရွက်ဖက်များဖြစ်သည့်အိန္ဒိယနိုင်ငံနှင့်တရုတ်နိုင်ငံယူနန်   ပြည်နယ်သို့သွားသောလမ်းမကြီးပေါ်တွင်တည်ရှိတဲ့အတွက် ကုန်သွယ်မှုစီးပွားရေးအတွက် အရေးပါသော အချက်အချာကျ သည့် ဒေသကြီးတစ်ခုဖြစ်ပါတယ်။ ပထဝီအနေအထားအရ မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀ မိနစ်မှ ၂၃ ဒီဂရီ ၄၅ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅ မိနစ်မှ ၉၇ ဒီဂရီ ၀၀ မိနစ်ကြားတွင် တည်ရှိပါတယ်။ အကျယ်အဝန်းအား ဖြင့် ၁၄၆၅၀ ဒသမ ၇၁ စတုရန်းမိုင်ဧရိယာ ( ၉၃၇၆၄၅၆  ဧက) ကျယ်ဝန်းပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း ခရိုင် ၇ ခု၊ မြို့နယ် ၂၈ မြို့နယ်၊ မြို့နယ်ခွဲ ၂ ခု၊ မြို့ပေါင်း ၂၈ မြို့ ပါဝင်ပြီး ရပ်ကွက်ပေါင်း ၂၆၃ ခု၊ ကျေးရွာအုပ်စုပေါင်း ၁၄၁၄ ခု၊ ကျေးရွာပေါင်း ၄၆၆၇ ရွာတည်ရှိကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးကော်မတီအောက်တွင် '' ကျေး လက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းအကောင်အထည်ဖော်ရေး ဆပ်ကော်မတီ'' ကို မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဦးဆောင် ဆောင်ရွက်ပြီး ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ စိုက်ပျိုးရေးအခြေခံ စားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ဒုဥက္ကဋ္ဌ(၁)၊စက်မှုဇုန်မန္တလေး၊ဥက္ကဋ္ဌမန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်  ရေ လုပ်ငန်းရှင်များအသင်း၊ ဒု-တိုင်းဒေသကြီး ဦးစီးမှူး၊ ကုန်သွယ် မှုမြှင့်တင်ရေးဦးစီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးများမှ အဖွဲ့ဝင် များအဖြစ် ပါဝင်ဆောင်ရွက်ပြီး ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာနတိုင်းဒေသကြီးဦးစီးမှူးမှအတွင်းရေးမှူးအဖြစ်တိုင်းဒေသကြီးအဆင့် ဆပ်ကော်မတီအဖွဲ့ကို ဖွဲ့စည်းေ ဆာင်ရွက်လျက်ရှိကြောင်းသိရပါတယ်။ ခရိုင်များအနေဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးများမှ ဥက္ကဋ္ဌအဖြစ်တာဝန် ယူဆောင်ရွက် ပြီးမိမိတို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှခရိုင်တာဝန်ခံများနှင့် မြို့နယ်တာဝန်ခံများမှ အတွင်းရေးမှူး အဖြစ် ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး၏ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည် ဖော်ဆောင်ရွက်နေသည့် ဆပ်ကော်မတီအနေဖြင့် - (က)    ကျေးလက်ဒေသအသေးစားကုန်ထုတ် လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော် မတီ သည် လုပ်ငန်းကော်မတီမှချမှတ်ထားသောလုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက် ရေးကို ပံ့ပိုးကူညီဆောင်ရွက်ရမည်။ (ခ)   ပြည်နယ်နှင့်တိုင်းဒေသကြီး၊နေပြည်တော်ကောင်စီကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းကော်မတီလက်အောက်ရှိအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်   ရေး ဆပ်ကော်မတီတို့သည် မိမိတို့ဒေသတွင်းရှိ ကျေးရွာများ၏ တည်ရှိပြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအသစ်ထပ်မံ၍ အသေးစားကုန်ထုတ်လုပ်မှု လုပ်ငန်းသစ်များ ပေါ်ထွန်းလာရေးဆောင် ရွက်ရမည်။ (င)    အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် မှု၌ အရင်းအနှီးနှင့် နည်းပညာသည်အဓိကလိုအပ် ချက်ဖြစ်သည့်အလျှောက်စိုက်ပျိုးရေးအခြေခံ စားသောက်ကုန် လုပ်ငန်းအသင်း၊ မွေးမြူရေး အခြေခံ စားသောက်ကုန် ထုတ်လုပ်ငန်းအသင်းတို့နှင့် ပူးပေါင်း၍ကျေးရွာများ၏ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်အောင် နည်း ပညာနှင့် အရင်းအနှီးများ ပံ့ပိုးကူညီဆောင်ရွက် ပေးရမည်။ (ဃ)    ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး (One Village One Product ) ပွားများလာရေးအတွက် ဆောင် ရွက်ရမည်။ (င)    ငွေကြေးအရင်းအနှီးလိုအပ်ချက်အတွက်အသေးစားပုဂ္ဂလိက ငွေချေးလုပ်ငန်းအပြင်ကုမ္ပဏီလုပ်ငန်းရှင် များနှင့်ချိတ်ဆက်၍သက်သာသော အတိုး နှုန်းထားဖြင့် ငွေချေးနိုင်ရေး ဆောင်ရွက်မည်။ (စ)    အတတ်ပညာ၊ ဗဟုသုတများတိုးတက်လာစေရေး အတွက် စက်မှုလက်မှုအသက်မွေးဝမ်းကျောင်း၊ ပညာပေးသင်တန်းများ၊ လုပ်ငန်းခွင်သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရမည်။ (ဆ)    ထုတ်လုပ်မှုစရိတ်လျော့နည်းပြီး အရည်အသွေးကောင်းရန်နှင့် ဈေးကောင်းရရန်၊ ထုတ်လုပ်မှုနည်းစဉ် များ(Good Manufacturing Practice) နှင့်အညီ ခေတ်မီတိုးတက်အောင် ဆောင်ရွက်ပေး ရမည်။
(ဇ) ဈေးကွက်တွင်ယှဉ်ပြိုင်နိုင်စွမ်းရှိရန်အရည်အသွေးသာမကထုပ်ပိုးမှုကောင်းမွန်ရေးအားပေးမြှင့်တင် ဆောင် ရွက်ရမည်။ (ဈ)    ဈေးကွက်သတင်းအချက်အလက် ပံ့ပိုးခြင်း၊ ဈေး ကွက်ဖွံ့ဖြိုးရန်အားပေးခြင်းများ ဆောင်ရွက်ရမည်။ (ည)  ပုဂ္ဂလိကလုပ်ငန်းရှင်ကုမ္ပဏီကြီးများနှင့်ကျေးရွာများကိုချိတ်ဆက်၍ရင်းနှီးမြှုပ်နှံမှုများတိုးတက်အောင်   ဆောင်ရွက်ရမည်။ အထက်ဖော်ပြပါလုပ်ငန်းစဉ်များကို မန္တလေးတိုင်းဒေသ ကြီးအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှစတင်၍ ကျေး လက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းအနေနဲ့ အဓိကလိုအပ်ချက်မှာ (၁)အရင်းအနှီးရရှိရေး၊ (၂) ကုန်ကြမ်း ရရှိရေး၊ (၃) နည်းပညာရရှိရေး၊ (၄) ဈေးကွက်ရရှိရေးသည် အဓိကကျတဲ့ လိုအပ်ချက်များ ဖြစ်ကြောင်း ကွင်းဆင်းလေ့လာ တွေ့ရှိရပါတယ်။ ကွင်းဆင်းလေ့လာချက်အရအဓိကလိုအပ်ချက် (၄)ခု တွင် အရင်းအနှီးလိုအပ်ချက်မှာအဓိကအခန်း ကဏ္ဍဖြစ် တာ ကြောင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအမံဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ခရိုင် ၆ ခု၊ မြို့နယ် ၁၅ မြို့နယ်၊ ကျေးရွာ ၂၉ ရွာရှိ ကျေးလက်ဒေသအသေးစားလုပ်ငန်းရှင် ၂၄၆၂ ဦးအတွက် ချေးငွေကျပ် ၁၃၇၅ သိန်းအား ထုတ် ချေးပေးနိုင်ခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ ခရိုင် ၇ ခု၊ မြို့နယ် ၁၉ မြို့နယ်၊ ကျေးရွာ ၁၇၁ ရွာရှိ လုပ်ငန်းရှင် ၁၂၃၉၂ ဦးအား ရင်းနှီးထုတ်ချေးငွေ ကျပ် ၁၀၃၅၁ ဒသမ ၇၀ သိန်းအား ထုတ်ချေးပေးနိုင်ခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ ခရိုင် ၇ ခု၊ မြို့နယ် ၁၉ မြို့နယ်၊ ကျေးရွာ ၅၁ ရွာရှိ လုပ်ငန်းရှင် ၅၄၈၇ ဦးကို ချေးငွေကျပ် ၄၃၂၉ ဒသမ ၂၀ သိန်းထုတ်ချေးပေးနိုင်ခဲ့လို့ ဘဏ္ဍာနှစ် ၃ ခုပေါင်း ချေးငွေ ကျပ် ၁၆၀၅၅ ဒသမ ၉၀ သိန်းထုတ်ချေးပေးနိုင်ပါတယ်။ ဆက်လက်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်းမှာ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ စဉ်ဆက် မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၄ ခုနှစ် သြဂုတ်လကုန်နှင့် ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် အရင်းအနှီးလိုအပ်ချက် ချေးငွေများကိုဆက်လက်ထုတ်ချေးပေးမည် ဖြစ်ကြောင်းသိရပါတယ်။မန္တလေးတိုင်းဒေ သကြီးမန္တလေး ခရိုင်မှာ မြို့နယ် ၂ ခု၊ ကျေးရွာ ၇ ရွာရှိ လုပ်ငန်းရှင် ၁၄၂၂ ဦးအတွက် ချေးငွေကျပ် ၁၂၇၉ သိန်း၊ ပြင်ဦးလွင်ခရိုင်မှာ မြို့နယ် ၃ ခု၊ ကျေးရွာ ၄ ရွာရှိ လုပ်ငန်းရှင် ၁၉၀ ဦးအတွက် ချေးငွေကျပ် ၃၇၀ သိန်း၊ ကျောက်ဆည်ခရိုင်မှာ မြို့နယ် ၄ ခု၊ ကျေးရွာ ၂၄ ရွာမှ လုပ်ငန်းရှင် ၃၂၁၅ ဦးအတွက်ချေးငွေ ကျပ် ၂၁၁၄ ဒသမ ၅၀ သိန်း၊ မိတ္ထီလာခရိုင်မှာ မြို့နယ် ၃ မြို့နယ်၊ ကျေးရွာ ၁၅ ရွာရှိလုပ်ငန်းရှင် ၁၂၀၄ ဦးအတွက် ချေးငွေကျပ် ၁၁၄၇ သိန်း၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့ နယ်ရှိ ကျေးရွာ ၅ ရွာမှ လုပ်ငန်းရှင် ၄၀၈ ဦးအတွက် ချေးငွေ ကျပ် ၃၅၃ ဒသမ ၅၀ သိန်း၊ မြင်းခြံခရိုင်အတွင်းမှာ မြို့နယ် ၄ ခု၊ ကျေးရွာ ၃၀ ရွာရှိ လုပ်ငန်းရှင် ၅၈၂၁ ဦးအတွက် ချေးငွေကျပ် ၅၈၂၁ သိန်းနဲ့ ညောင်ဦးခရိုင်မှာ မြို့နယ် ၂ မြို့နယ်၊ ကျေးရွာ ၈ ရွာမှ လုပ်ငန်းရှင် ၁၃၇၆ ဦးအတွက် ချေးငွေကျပ် ၁၃၇၆ သိန်း ထုတ်ချေးပေးမည်ဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီးအနေဖြင့် ခရိုင် ၇ ခု၊ မြို့နယ် ၁၉ မြို့နယ်၊ ကျေးရွာ ၉၂ ရွာရှိ လုပ်ငန်းရှင် စုစုပေါင်း ၁၃၆၃၆ ဦးအတွက် ချေးငွေ ၁၂၄၆၁ သိန်းအား တစ်ကျပ် ငါးဆယ်ပြား အတိုးနှုန်းဖြင့်  ၆ လဆပ်၊ ၈ လဆပ် (၃ လတစ်ကြိမ်၊ လေးလတစ်ကြိမ် အရစ်ကျဆပ်) စနစ်ဖြင့် အမြန်ဆုံး ထုတ် ချေးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ကျေးလက် ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းရှင်များအတွက် အရင်းအနှီးချေးငွေရရှိရေးအတွက်စေတနာရှေ့ထားပြီးဆောင်ရွက်ပေးသလိုမိမိတို့ကုန်သွယ်မြှင့်တင်ရေး ဦးစီးဌာန မှ အရာထမ်း၊အမှုထမ်းများသည်ကျေးရွာအရောက်ကွင်းဆင်း၍အရင်းအနှီးငွေထုတ်ပေးခြင်း၊နည်းပညာပြန့်ပွားရေး ဆော င်ရွက်ပေးခြင်း ဈေးကွက်ရရှိရေးအတွက်ချိတ်ဆက်ပေးခြင်း၊ကုန်ကြမ်းများဈေးနှုန်း သက်သာစွာရရှိရေးအတွက် အကြံ ဉာဏ်ပေးခြင်းစသည်များအားအနစ်နာခံပြီးစေတနာအမှန်ဖြင့်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ ဆောင် ရွက်ခြင်းအားဖြင့် ကျေးလက်နေ ပြည်သူတို့၏ဘဝ၊ လူနေမှု အဆင့်အတန်းမြင့်မားလာမှာဖြစ်သလို တစ်ဦးချင်းတစ် ယောက်ချင်းစီ၏ဝင်ငွေတိုးတက်လာတာနဲ့အမျှဝင်ငွေတိုးပွားလာမည်ဖြစ်သလိုအလုပ်အကိုင် အခွင့် အလမ်းများ ပိုမို ရရှိ လာမှာဖြစ်တဲ့အတွက်မိသားစုဘဝသာယာလာမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ထူးခြားကောင်းမွန်တဲ့ ရည်မှန်းချက် ဖြစ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကြီး ၈ ရပ် တွင် ပါဝင်သော ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး အတွင်း ရှိ ခရိုင်အလိုက်၊ မြို့နယ်အလိုက် အဖွဲ့အစည်းအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမီ ကုန် ပစ္စည်းများအားကုန်ထုတ်လုပ်မှု မြင့်မားစွာဖြင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်သို့ ထိုးဖောက်နို င်ပြီး ကျေးလက်နေပြည်သူတို့၏တစ်ဦးချင်းဝင်ငွေ၊ မိသားစုဝင်ငွေ များ တိုးပွားလာပြီး လူနေမှု ဘဝမြင့်မား လာစေရန် အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မိမိတို့ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက် သလိုအခြားပုဂ္ဂလိကအဖွဲ့အစည်း၊အသင်းအဖွဲ့များပူးပေါင်းပါဝင်၍ ကျေးလက်ဒေသကုန်ထုတ်လုပ်ငန်းရှင်များ အား သာယာဝပြောသောမိသားစုဖြစ်စေရေးအတွက်မိမိတို့မှလိုက်ပါလာစေရန်အရှေ့မှလည်းဆွဲခေါ်ပါသည်။လမ်းကြောင်း မှန်ပေါ် ရောက်အောင်လည်းတွန်းပို့လျက်ရှိပါတယ်။ ကျေးလက် ပြည်သူများ ကျွန်တော်တို့နှင့်အတူ လိုက်ပါဆောင် ရွက်ရင်းကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ကြပါစို့လို့ဆန္ဒပြု ဖိတ်ေ ခါ်ရင်း...။