Main menu

Background

ပြည်ဈေးကွက်မှာ မတ်ပဲအဝင်ပါး၊ ပဲစင်းငုံနီဈေးမာ

Tue, 09/02/2014 - 08:38 -- ydnar

 
ပြည်ဈေးကွက်မှာ ဒီတစ်ပတ်ပေါင်းတလည်၊ ပေါက်ခေါင်းနှင့်ပန်းတောင်းဘက်မှမတ်ပဲများ တစ်ရက်ကို အိတ် ၃၀၀ ခန့်သာဝင် ရောက်ခဲ့လို့အဝင်ပမာဏလျော့လာပါတယ်။ ပဲအဝင်လျော့လာ ပေမယ့် ရန်ကုန်အဆွဲကတော့ သိသိ သာ သာ လျော့မသွားဘူး၊ဝယ်လိုအားတောက်လျှောက်ရှိနေတယ်

။အရောင်းအဝယ်အနေ ဖြင့်တစ်ပိဿာ ၁၃၇၅ ကျပ် (တစ်တန် ကို ၈၄၂၀၃၆ ကျပ်) ဈေးဖြင့် တစ်ရက်ကို အိတ် ၄၀၀ ခန့်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီ အနေဖြင့် လက်ကျန်ပဲ များကိုသာထုတ်ရောင်းမှုတွေရှိနေပြီး ရန်ကုန်ဝယ်လိုအားကပုံမှန်ရှိတာကြောင့် ယခင်အပတ်ဖြင့်နှိုင်း ယှဉ်ပါ က ဈေး မြင့် လာပြီး တစ်ပိဿာ ၁၁၇၅ ကျပ် (တစ်တန်ကို ၇၁၉၅၅၈ ကျပ်) ဈေးဖြင့် တစ်ပတ်အတွင်းအိတ် ၁၉၀၀ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ပဲတီစိမ်းအနေဖြင့် နယ်စုံမှတစ်ရက်ကိုအိတ် ၅၀၀ ခန့်ပုံမှန်ဝင်ရောက်ခဲ့သလို မန္တလေး ဝယ်လက်ကလည်းအရည် အသွေးအပေါ်မူတည်ပြီး တစ်ပိဿာ ၁၅၂၅ ကျပ်(တစ်တန်ကို ၉၃၃၈၉၄ ကျပ်)ဈေးဖြင့် တစ်ပတ် အတွင်း အိတ် ၃၀၀၀ ခန့်အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း ဈေးကွက်အတွင်းမှသိရပါတယ်။