Main menu

Background

တမူးနယ်စပ်ကုန်သွယ်ရေးထုတ်နုတ် Mobile Team မှ တရားမဝင် တင်ပို့မည့် ကွမ်းသီးအစိုများ တားဆီး

Tue, 09/02/2014 - 08:44 -- ydnar

 
သြဂုတ်လ ၁၇ ရက် ၀၈း၁၀ ချိန်မှာ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းယာဉ်စစ်ကွင်းသို့ ဝင်ရောက်စစ်ဆေးမခံဘဲ ယာဉ် အမှတ်စ/----- ဟာ နန့်ဖာလုံဈေးသို့ တိုက်ရိုက် မောင်းနှင်သွားကြောင်း သတင်းရရှိတဲ့အတွက် မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်း စခန်းထုတ်နုတ်Mobile Team အဖွဲ့သည် နန့်ဖာလုံ ဈေးသို့သွားရောက် စစ်ဆေးမှုပြုခဲ့ ပါတယ်။ထိုသို့ စစ်ဆေးရာမှာနန့်ဖာလုံ ဈေးအဝင်၀ ကားလမ်းတောင်ဘက်ရှိ အိမ်ဝန်းအတွင်းမှာစ/----- ယာဉ်ပေါ်

မှ ကွမ်းသီးအိတ်များစုပုံနေတာကို တွေ့ရှိ ရတဲ့အတွက် ယာဉ်မောင်းနဲ့ ယာဉ် နောက်လိုက်များထံမှစာရွက်စာတမ်း များ အထောက်အထားများ တောင်းခံတဲ့အခါ ID၊ယာဉ်စစ်ပုံစံအထောက်အထား စာရွက်စာတမ်းများ မတင်ပြ နိုင်ဘဲ တရား မဝင်ကုန်စည်များ ဖြစ်နေတဲ့အတွက်ကွမ်းသီးအစို(ဒေသအခေါ် ကွမ်းသီးပုပ်)အိတ်များကို ယာဉ်ပေါ်သို့ ပြန်လည် တင်ေ ဆာင်စေပြီး ယာဉ်စစ် ကွင်းသို့မောင်းနှင်စေကာခေတ္တထိန်းသိမ်း ထားတယ်လို့ သတင်းရရှိပါတယ်။ OSS အဖွဲ့မှ ခေတ္တထိန်းသိမ်း ထားသော ကွမ်းသီးအစိုများနဲ့ စပ်လျဉ်း ပြီး Mobile Team OSS အဖွဲ့ အစည်း အဝေးပြုလုပ်ရာတွင်အကောက်ခွန်လုပ်ထုံးလုပ်နည်းနဲ့အညီအရေးယူဆောင်ရွက်ရန်၊တရားမဝင်ကုန်သွယ်မှုပပျော က်စေ ရန် လုပ်ထုံးလုပ်နည်း အတိုင်း ဆောင်ရွက်ရန်နဲ့ တရားမဝင်ကုန်သွယ်မှုပပျောက်စေရန်တည်ဆဲဥပဒေ များအတိုင်း အရေးယူဆောင်ရွက်သင့် ကြောင်းတင်ပြဆွေးနွေးခဲ့ကြပြီးကွမ်းသီး အစို (ကွမ်းသီးပုပ်) အိတ် ၁၅၀ (ကီလို ၁၀၅၀၀ ) နှင့် သယ်ဆောင်သောယာဉ် စ/-----  အား လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ရန်ဆုံးဖြတ်ခဲ့ကြပြီး တမူး မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းရန် ဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိတဲ့ ကွမ်းသီးစို ၁၀၅၀၀ ကီလိုရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၂၀၀၀၀၀၀ ရှိပြီး တင်ဆောင်တဲ့ယာဉ် ချက်ပလက်ထရပ်ကား ၆ ဘီး စ/-----  ခန့်မှန်းတန်ဖိုး ကျပ် သိန်း ၅၀၀၀၀၀၀ ရှိတယ်လို့ သတင်းရရှိပါတယ