ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်မှာယာယီအခြေပြုပြီး စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတားဆီးရေးကို Mobile Team v&-2 အဖွဲ့မှ တာဝန် ထမ်းဆောင်နေစဉ် ကျိုက်ထိုမှ ပဲခူးသို့ ထွက်ခွာလာတဲ့ ခရီးသည်တင်Hiluxယာဉ်4A/xxxx နဲ့O/xxxx တို့ပေါ်မှ အကောက်ခွန်မဲ့စားသောက်ကုန်နဲ့ကန့်သတ်ကုန်ဝိုင်များ ၁၂၃၉၈၀၀ကျပ်ဖိုး ကို သြဂုတ်လ ၁၄ ရက် ၀၈း၀၀ ချိန်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
OSS ဌာနစုံ တာဝန်ခံများ၊ သတင်းမီဒီယာများနဲ့ ကုန်သည်အသင်း ကိုယ်စားလှယ်တို့ ညှိနှိုင်းဆွေးနွေးပြီး အကောက် ခွန်မဲ့ပစ္စည်းကုန်စည်များ ဖြစ်တဲ့အတွက် အကောက်ခွန်လုပ်ထုံး လုပ်နည်းနဲ့အညီဆက်လက်ဆောင် ရွက်ရန်နဲ့ ယာဉ်များ မှာ ခရီးသည်တင်ယာဉ်များဖြစ်တဲ့အတွက် နှောင့် နှေးကြန့်ကြာမှုမရှိစေရန် ယာဉ်မောင်း များအား ခံဝန်ကတိရေး ထိုးေ စပြီး ယာဉ်အား ဆက်လက်ထွက်ခွာစေခဲ့ တယ်လို့ သိရပါတယ်။ သိမ်းဆည်းရမိတဲ့အကောက်ခွန်မဲ့ စားသောက်ကုန်များမှာ ဝေဖာမုန့်၊ အသီးဘူး၊ ငါးသေတ္တာ၊ ငရုတ်ဆီ၊ ခရုဆီ၊ ဘီစကစ်မုန့်၊ အုန်းနို့ဗူး၊ ဟင်းချိုမှုန့်၊ ပုစွန်နှစ်ကောင်စားဆီ၊ ပဲနို့Deedo အချိုရည်၊Sprite အချိုရည်၊ ဂျုံမှုန့်၊ ခနောကြက် သားမှုန့်၊ယမ်ယမ်ခေါက်ဆွဲ၊ ကြာဇံခြောက်များ၊ တန်ဖိုးအားဖြင့် ကျပ် ၉ ဒသမ ၃၉၈ သိန်းရှိပါတယ်။ လူသုံးနဲ့ အိမ်သုံးပစ္စည်းများကတော့ ကျပ် ၆၀၀၀၀ တန်ဖိုးရှိ အပ်ချုပ်စက်(used) ၆ လုံး၊ အဝတ်လျှော်ရာမှာ သုံးတဲ့ Smart အမွှေးဆီ၊Finelin အမွှေးရည်နဲ့ ဆပ်ပြာမှုန့်အထုတ်များ ကျပ် ၁ ဒသမ ၁၅၀ သိန်းဖိုးကိုလည်း ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ သတင်း ရရှိပါတယ်။