နှစ်ဘက်ကုန်သည်တို့ ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ဆန်ဈေးကွက်

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးများမှာ ဖျာပုံ ပေါ်ဆန်းလတ်စ တစ်အိတ် ၃၀၅၀၀ ကျပ်၊ ထိပ်စတစ်အိတ် ၃၂၅၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း လတ်စ တစ်အိတ် ၂၉၀၀၀ ကျပ်၊ ထိပ်စတစ် အိတ် ၃၁၀၀၀ ကျပ်ဖြစ်ပြီး၊ ယခုရက်ပိုင်း ဆန်အဝင် အနည်းငယ်ပါးသော် လည်း အရောင်းအဝယ်မျှနေလို့ ဈေး နှုန်းမှာ ရောင်းသူဝယ်သူခံသာ တဲ့ဈေး တန်း ဖြစ်နေကြောင်း ဆန်ကုန်စည်ဒိုင် ဈေးကွက်မှ သိရပါတယ်။

ရန်ကုန်ဈေးကွက်အတွင်း ဧည့် မထ ၂၅ မှတ် (ပြည်ပ) ဆန် ၅၀ ကီလို တစ်အိတ် ၁၅၃၀၀ ကျပ်မှ ၁၅၈၀၀ ကျပ်ဖြစ်ပြီး ရန်ကုန်FOB EMATA  ၂၅ % မှာ တစ်တန်ကန်ဒေါ်လာ ၃၅၅ မှ ၃၆၀ တွင်း ရှိနေသလို ဧည့်မထ ၂၅ မှတ်ဆန်များသီရိလင်္ကာသို့အပို့ရှိနေပါတယ်။ ကုမ္ပဏီများမှသင်္ဘောအတင်ရှိ ခြင်WFPဆန်ပေးသွင်းရန်ရှိခြင်း တို့ ကြော င့် ရှေ့အလားအလာမှာဧည့်မထလတ်စများဈေးအနည်းငယ်မာလာနိုင် ကြောင်းသိရပါတယ်။ တရုတ်မူဆယ် လိုင်းပြန် ဖွင့် သွားလို့ ကားခမှာ ယခင် အပတ် ၇၃၀၀၀ ကျပ်မှ ယခုအပတ် ၇၈၀၀၀ ကျပ်သို့ ဈေးပြန်တက်လာတာ ကြောင့် သိပ်မ ကိုက်ဘူးလို့လည်း ကုန် သည်တို့က ဆိုပါတယ်။
မြန်မာ့ဆန်နဲ့ ဆန်ကွဲပြည်ပ တင် ပို့မှုမှာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ သြဂုတ်လ၂၂ ရက်ထိ တန်ချိန် ၅ ဒသမ ၅၃ သိန်းခန့်နဲ့ တန်ဖိုး အမေရိကန် ဒေါ်လာ ၂၀၄ သန်းကျော်ရှိနေတာ ကြောင့်ယခင်ဘဏ္ဍာနှစ်ကာလတူထက် တန်ချိန် ၁ ဒသမ ၇၄ သိန်းကျော် တန် ဖိုး ဒေါ်လာသန်း ၆၀ ကျော် ပိုမိုတင်ပို့ ထားနိုင်တာ တွေ့ရပါတယ်။