Main menu

Background

ပုံမှန်အသုံးသာရှိလို့ အရောင်းအဝယ်အေးတဲ့ ရှမ်းနနွင်းဈေးကွက်

Tue, 10/14/2014 - 15:01 -- ydnar

အောင်ပန်းဈေးကွက်မှာရော ဟိုပုံးဈေးကွက်မှာပါ ရှမ်းနနွင်းက အဝင်လုံးဝမရှိတော့ပါဘူး။ ဒီနှစ်ကချင်းစိုအဝယ်လိုက်ပြီး၊ အရောင်းသွက်နေပေမဲ့ နနွင်းကိုတော့ ဝယ်သူရှိရင်ရောင်းလိုက်မရှိရင်လည်းထားလိုက်နဲ့ ဈေးကွက်ကပျက်ချင်နေသ လို ဖြစ်နေတယ်လို့သိရပါတယ်။ တောင်သူတွေကလည်း အရင်ကလိုနနွင်းသီးသန့်ရောင်းဝယ်တာမျိုး မလုပ်ကြတော့ဘဲ အခြားသီးနှံတွေနဲ့ပါ တွဲပြီးရောင်းကြရတယ်လို့ဆိုပါတယ်။ နနွင်းဈေးကွက်လည်း ဒီတစ်ပတ်မှာပြည်ပဝယ်လက်ရှိပေမဲ့

နောက်တစ်ပတ်ဆိုရင်ရှိချင်မှရှိတာကြောင့် ပုံမှန်ရောင်းရတဲ့သီးနှံမဟုတ်ပါဘူး။ ပြည်တွင်းသုံးဆိုရင်လည်းဟင်းခတ်အေ မွှးအကြိုင်လုပ်ဖို့ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက်သာ အဝယ်ရှိတာကြောင့်ပြည်တွင်းသုံးဖြုန်းနိုင်အားက တစ်ပတ်ကို ပိသာချိန်တစ်သောင်းခွဲ၊ နှစ်သောင်းခန့်သာရှိပါတယ်။ ပြည်ပဝယ်လက်ရှိရင်တော့ဒီထက်ရောင်းအားတက်ပေမဲ့ ပြည် တွင်းသုံးမှာတော့ရောင်းအားက ဒီလောက်သာရှိတယ်လို့ဆိုပါတယ်။ ပစ္စည်းလက်ကျန်ကလည်း လှောင်လက်တွေဆီ မှာသာကျန်ရှိပြီး၊လက်လီသမားတွေဆီမှာတော့ မရှိသလောက်ဖြစ်သွားပြီလို့သိရပါတယ်။ဒီတစ်ပတ် နနွင်းပေါက်ဈေးေ တွကတော့ အောင်ပန်းနနွင်းက ၈၀၀ကျပ်မှ ၁၃၀၀ကျပ်နဲ့ ဈေးငြိမ်နေပြီး၊ ဟိုပုံးနနွင်းကတော့ ၁၀၀၀ ကျပ် ပတ်ချာလည် သာရှိတယ်လို့ သိရှိရပါတယ်။