Korean Product Expo 2015 ကုန်စည်ပြပွဲကျင်းပ

အတွဲ(၁၅)အမှတ်(၁၉)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု နှစ်(၄၀)ပြည့် မြောက်သည့် အထိမ်း အမှတ်အဖြစ်f Korean Product Expo 2015    ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ရှင်စောပု လမ်း၊ Myanmar Event Park (MEP) တွင် ၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့  နံနက် ၁၀ း ၃၀ နာရီတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်း အနားသို့  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ သမ ဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန် တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်/ စက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦး၊ စီမံ/ စီးပွားဝန်ကြီး ဦးသန်းမြင့်၊UMFCCI  ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ KOTRA ဥက္ကဋ္ဌMr. Kim Jae-Hong, ကိုရီးယားနိုင်ငံ ကုန် သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးMr-Lee Woon-Ho, မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသံအမတ်ကြီး Mr. Lee Beak-Soon နှငKOTRA  (ရန်ကုန်)မှ မန်နေဂျင်း ဒါရိုက်တာ Mr.Ahn Jae-Yong  တို့တက်ရောက်ကြပြီး ပြခန်းအား ဖွင့်လှစ် ပေးခဲ့ကြပါသည်။
အဆိုပါ ပြပွဲတွင် ကိုရီးယားနိုင်ငံ၏ လူသုံးကုန်၊ အလှကုန်၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ စားသောက်ကုန်များ၊ လျှပ်စစ် ပစ္စည်း၊ စက်ပစ္စည်း၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်း များကို ကုမ္ပဏီ ၆၇ ခုမှ ပြခန်းပေါင်း ၉၀ ကျော်ဖြင့် ခင်းကျင်းပြသခဲ့ပါသည်။ ၎င်းင်း ပြပွဲတွင် မြန်မာနှင့်ကိုရီးယား နှစ်(၄၀)ပြည့် အခမ်းအနားဖြစ်သောကြောင့် ယခင်ပြပွဲ များနှင့် မတူဘဲ ပျော်ပွဲ၊ ရွှင်ပွဲများ ထည့်သွင်း ကျင်းပခြင်း၊ ကိုရီးယားအစားအစာများ ပြုလုပ်ကျွေးမွေးခြင်း၊ အလှအပပစ္စည်းများ လက်ဆောင်ပေးအပ်ခြင်း၊ ကလေးများ အတွက် သီးသန့်စက်ရုပ်ကြီးများနှင့်ယှဉ်တွဲ ဓါတ်ပုံမှတ်တမ်းတင်ခြင်းဖြင့် ကိုရီးယားနိုင်ငံ မှ ပန်းချီဆရာများမှ ပန်းချီပုံတူများရေးဆွဲ၍ လက်ဆောင်ပေးအပ်ခြင်းတို့ ထည့်သွင်း ကျင်းပပြသခဲ့ ပါသည်။ ထို့အပြင် ကိုရီးယား နိုင်ငံ၏ အဓိကလုပ်ငန်းဖြစ်သော အိုးအလှ ပြုလုပ်ခြင်းလုပ်ငန်းကို လက်တွေ့ ပြုလုပ် ပြသပြီး အိုးပေါ်တွင် ဆေးရေးပန်းချီများ ရေးဆွဲခြင်းကိုလည်း ပါဝင်ပြသခဲ့ပါသည်။
ထို့အပြင် ကိုရီးယားနိုင်ငံထုတ် မော် တော်ကားများ၊ လျှပ်စစ်ကားလေးများ၊ ထော်လာဂျီများလည်း ပြသခဲ့ပါသည်။ လာ ရောက် လေ့လာသူများအား ကိုရီးယားဝတ်စုံ ဖြင့် တစ်ခန်းရပ်ပြဇာတ်များကို ဖျော်ဖြေ တင်ဆက်ခဲ့ပါသည်။ ကိုရီးယားနိုင်ငံ ယဉ် ကျေးမှုနှင့် အစားအစာတို့မှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုပမာဏများ ပိုမိုတိုးတက် ဆောင်ရွက် နိုင်ရေးစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ် ကြောင်း သိရှိရပါသည်။ ပြပွဲကို မေလ ၂၁ ရက် နေ့မှ ၂၄ နေ့အထိ ၄ ရက်တိုင်တိုင်ကျင်းပခဲ့ရာ ကဏ္ဍစုံမှ လုပ်ငန်းရှင်များနှင့် အများပြည်သူများ လာရောက်လေ့လာခဲ့ကြကြောင်း သိရှိရပါ သည်။
KMT