Main menu

Background

ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် တာဝန်ခံများအား တွေ့ဆုံ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Wed, 01/05/2022 - 12:55 -- journal_editor

       ဒီဇင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်း      ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော ကုန်သွယ်ရေးစခန်းများနှင့် ပို့ကုန်သွင်းကုန်ရုံးများသို့ သွားရောက် တာဝန်ထမ်းဆောင်မည့်တာဝန်ခံ များ အားတွေ့ဆုံ၍ လမ်းညွှန်အမှာ  စကားပြောကြားသည့်အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကား ပြောကြားခဲ့ သည်။ ပြည်ထောင်စု ဝန်ကြီး က အမှာစကားပြောကြားရာတွင် ကုန် သွယ်ရေး ဦးစီးဌာနအနေဖြင့်  ခြောက်လတစ်ခါ အလှည့်ကျ တာဝန် ထမ်းဆောင်ခြင်းဖြစ်၍  အတွေ့အကြုံရှိသည့် အရာထမ်းများအား စေလွှတ်ထားခြင်းဖြစ်ကြောင်း၊ ယခုကာလသည် ကိုဗစ်(၁၉) ရောဂါ ကူးစက်မှုနှုန်း လျော့နည်းနေသော်လည်း ကျန်းမာရေးကိစ္စအား အထူးသတိထားရန်လိုကြောင်း၊ မိမိသွားရောက်ရမည့်စခန်း၏နယ်မြေလုံခြုံ ရေးကိစ္စများမှာလည်းအထူးအရေးကြီးကြောင်း၊ မိမိစခန်းအတွင်းထူးခြားဖြစ်စဉ် များရှိ ပါက အချိန်နှင့် တစ်ပြေးညီ အထက်သို့ တင်ပြ ရန်လိုကြောင်း၊ ကုန်သွယ်ရေးစခန်း၊ ပို့ကုန်သွင်းကုန်ရုံးများသို့ သွား ရောက်ထမ်းဆောင်မည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိဌာန ၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ ပြောင်းလဲ ဆောင် ရွက် မည့် လုပ်ထုံး လုပ်နည်းများအား သိရှိနားလည်သဘောပေါက်အောင် လေ့လာထား ရန်လိုအပ်ကြောင်း၊ တွေ့ကြုံရသည့် အခက်အခဲများကို အထက်အကြီး အကဲများသို့ တင်ပြရန်လိုကြောင်း၊ ဥှ တွင် ပါဝင်သည့်ဌာနများနှင့် စုပေါင်း ဆောင်ရွက်ရမည့်ကိစ္စများကို  အပြန်အလှန် သတင်းပေးပို့ စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက် တွင် စတင်ဆောင်ရွက်မည့်  သွင်းကုန်လိုင်စင်နှင့် ပတ်သက်သည့် ပြောင်းလဲထားရှိမှုများအား အကောက်ခွန် ဦးစီးဌာနနှင့်  ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကုန်သည်များဘက်ကလည်း နစ်နာမှုများမရှိအောင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် အစိုးရ များနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ပို့ကုန်သွင်း ကုန်လိုင်စင် များနှင့်ပတ်သက်၍လည်း နောက်ဆုံးပြောင်းလဲထားသည့် မူဝါဒများ အတိုင်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့်  နိုင်ငံတော်ကချမှတ်ထားသည့် ကုန်သွယ်မှုပမာဏပြည့်မီကျော်လွန်စေရေးအထူး အလေးထား ဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး အစည်း အဝေးကို ညနေ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

MOC (IR)