တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်မှ စတင်၍ အရည်အသွေးမြင့်မားသည့်ဖွင့်လှစ်ပေးမှုများ ပိုမိုတိုးတက်လာစေရန်၊ ဖွံ့ဖြိုးတိုးတက်မှု ပုံစံအသစ်အားအထောက်အကူပြုစေရန်ရည်ရွယ်၍နိုင်ငံအတွင်းသို့ တင်သွင်း လာမည့် ကုန်စည်များ၊ ကုန်ပစ္စည်းများ အပေါ်ကောက်ခံမည့်အကောက်ခွန်နှုန်းများအားလျှော့ချခြင်း၊ ဖယ်ရှားခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်သည်။၂၀၂၂ ခုနှစ်ဇန်နဝါရီ ၁ ရက်မှစတင်၍ ဆေးဝါးများ၊ စားသောက်ကုန်များ၊ ဆောင်းရာသီအားကစား ကိရိ ယာ များ၊ မော်တော်ယာဉ်အစိတ်အပိုင်းအပါအဝင် ကုန်စည် ၉၅၄မျိုးအားပုံမှန်အကောက်ခွန်နှုန်း (ငြြ်္ အကောက်ခွန်နှုန်း)ထက် လျှော့ချကောက်ခံသွားမည်ဖြစ်ပြီး ကင်ဆာကုသဆေးများ၊ဆီဆေးပန်းချီကားများ၊ နှစ်ပေါင်းရာကျော် သက် တမ်းရှိသည့်အနုပညာပစ္စည်းများတင်သွင်းမှုများအပေါ်ကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းအား ဖယ်ရှားပေး မည်ဟုတရုတ်နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်ကထုတ်ပြန် ကြေညာခဲ့ကြောင်း သိရှိရသည်။ထိုကဲ့သို့ ထုတ် ပြန်ခဲ့ရာတွင် နည်းပညာ ဆိုင်ရာ ထုတ်ကုန် ၆၂ မျိုးအတွက်ပုံမှန် ကောက်ခံသည့်အကောက်ခွန်နှုန်းအား ၂၀၂၂ခုနှစ် ဇူလိုင် ၁ရက်မှစတင်၍ (၇) ကြိမ် မြောက် လျှော့ချပေးမည်ဖြစ်သည်။ ထိုကဲ့သို့ ပြင်ဆင် ပြီးသည့်အခါ တရုတ် နိုင် ငံ ၏ စုစုပေါင်း အကောက်ခွန်နှုန်းသည်၇ဒသမ၄ ရာခိုင်နှုန်း၌ ဆက်လက်တည်ရှိမည်ဖြစ်သည်။ ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခြင်းသည် ပြည်တွင်းစက်မှုလုပ် ငန်းများချိတ်ဆက်ကူးပြောင်းမှုများ တည် ငြိမ်စေရန်၊ အရည် အသွေး လုံခြုံစိတ်ချရမှု များ ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ သိပ္ပံနှင့်နည်းပညာတီထွင်ဆန်းသစ်မှုများ၊ အရည် အသွေးမြှင့်တင်မှုများအား အထောက်အပံ့ ဖြစ်စေရန်၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စံချိန်စံညွှန်းမြင့်မားသည့် လွတ်လပ် သောကုန်သွယ်ရေးဇုန်များအချင်းချင်းချိတ်ဆက်ဆောင်ရွက်နိုင်သည့်ကွန်ရက် တည်ထောင်နိုင်ရန်နှင့် အဆင့်အတန်း မြင့်မားသည့် ဖွင့်လှစ်ပေးမှုများ ဆက်လက်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွကခြင်းဖြစ်သည်ဟု ဖော် ပြထားကြောင်း သိရှိရသည်။
ရွှေစင်ဦး(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ ပေကျင်းမြို့။