ပြင်ဦးလွင်မြို့သည် တောင်ပေါ်မြို့ဖြစ်ပြီး ရာသီဥတုအနေဖြင့် အေးမြသောကြောင့် မြို့နေတောင်သူအများစုမှာ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနှင့်ပန်းမာလာ၊နှစ်ရှည်သီးနှံများအား အဓိကထားစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်း ပြု လုပ်လျက်ရှိသည်။၎င်းသီးနှံများအနက်မှ မက်မန်းစိုက်ပျိုးမှုအား ပြင်ဦးလွင်မြို့ နယ်တွင် ၉၅၃ဧကစိုက်ပျိုးထားကြောင်း သိရှိရသည်။ အဓိကစိုက် ပျိုးသောကျေးရွာများမှာ ပန်းဦးတောင်၊ ကုန်ကော်၊ ဆင်ဖြူအင်း၊အင်း ထိပ်၊ ညောင် ကုန်း ၊ မျှော့တောတို့တွင် အများဆုံးစိုက်ပျိုးထွက်ရှိပြီး ကျန်ကျေးရွာများတွင်လည်း စိုက်ပျိုးထွက်ရှိလျက်ရှိပါသည်။ မက်မန်း ပင်များကို ဇူလိုင်နှင့် သြဂုတ်လများတွင် စတင်စိုက်ပျိုးပြီး မေနှင့် ဇွန်လများအတွင်း အသီးခူးဆွတ်ကြသည်မက်မန်း ပင်များမှာ ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၃၀ဝ၀ကျော်ပြီး အေး၍ စွတ်စိုသော ရာသီဥတုတွင် စိုက်ပျိုးနိုင်သောအပင်အမျိုးအစားဖြစ်သည်။ မက် မန်းပင်သည် မက်မွန်၊ တရုတ်ဆီးသီး၊ ချယ်ရီပင်များနှင့် မျိုးရင်းတူအုပ်စုဝင်ဖြစ်ပါ သည်။ မက်မန်းစိုက်ပျိုးစနစ်မှာ ပင်ခြား၊ တန်းခြား ၂၀ဒဍ္ဍ၂၀ဒ စိုက်ပျိုးပြီး တစ်ဧကလျှင် အပင်ရေ၁၉၄ပင် စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် ရေစီးဝင်မှုကောင်းအောင် ပြုလုပ်ရပြီး စိုက်ပျိုးမြေအမျိုးအစားမှာလည်း မြေကျစ်မဖြစ် သင့် ပါ။ မက်မန်းပင် သက်တမ်း နှစ်နှစ်သားကျော်လျှင် အသီးစတင် ခူးဆွတ်နိုင်ပြီး အသီး မသီး မီကာလတွင် အပင်ကို လိုအပ်သလို ပုံသွင်းပေးရသည်။ လေဝင်/ လေထွက်ကောင်းရန်နှင့် နေရောင်ခြည်ကောင်းစွာရရှိရန် ဆောင် ရွက်ရပါ သည်။မက်မန်းပင်၏အဓိကလိုအပ်သော သွင်းအားစုများမှာ ယူရီးယား၊တီစူပါ၊ ပိုတက်မြေသြဇာတို့ဖြစ်ကြောင်း၊ အပင်ကြီးထွားဆဲကာလတွင် ရေလုံလောက်စွာရရှိရန် လိုအပ်ကြောင်း၊ အသီးထွက်ရှိမှုပေါ်မူတည်ပြီး ရေလိုအပ်မှု အနည်း အများရှိကြောင်း၊သန်စွမ်းသော အဖူးအပွင့်များမှ အသီးသီးလေ့ရှိပြီး ၎င်းကိုင်းများမှာ တုတ်ခိုင်သော ကိုင်းများဖြစ်ပြီး အသီးမှာကိုင်း၏ထိပ်ဖျားနေရာများတွင် သီးလေ့ရှိ ပါသည်။မက်မန်းပင်အရွယ်ရောက်ပြီး အသီးခူးဆွတ်နိုင်သော အ ပင် တစ်ပင်၏အထွက်နှုန်းမှာ ရှစ်ပြည်မှ တစ်တင်းခွဲအထိထွက်ရှိပြီး မက်မန်း တစ်ဧကလျှင် ပျမ်းမျှတင်း ၂၄၀ ခန့် ထွက်ရှိကြောင်း၊ မက်မန်းစိုက်မည်ဆိုလျှင် တစ်ဧကကုန်ကျစရိတ်အနေဖြင့်လုပ်သားခ၊ သွင်းအားစု အပါအဝင် ၁၅သိန်း ခန့် ကုန်ကျနိုင်ကြောင်းသိရှိရပါသည်။ အပင်သက်တမ်း ကြာရှည်စွာ သီးနိုင်ရန်နှင့် အသီးအရွယ်အစား ကောင်းမွန်စေရန် ဓာတုဆေးဖျန်းပေးရကြောင်း၊ ပိုးမွှားအနေဖြင့် ကျိုင်းများ၊ ဘောက်ဖတ်များ ကျရောက်တတ်ပြီး ၎င်းပိုးမွှား များ ကျရောက်လျှင် အပင်ပုခြင်း၊ အသီးနှင့်ပင်စည်တွင် ချိုင့်ခြင်း၊ ပုပ်ခြင်း များ ဖြစ်တတ်ပါသည်။ မက်မန်းကို သီးစားမျိုးနှင့် ဆားရည်စိမ်မျိုးဟူ၍ အကြမ်းအားဖြင့် ခွဲခြားနိုင်ပြီး သီးစားမျိုးတွင် အညိုရောင်ရှိ၍ အလုံး ကြီးပြီး လတ်လတ် ဆတ် ဆတ် စားသုံး နိုင်ပါသည်။ ဆားရည်စိမ်မျိုး တွင် အညို၊ အနီ၊ အဝါဟူ၍ ခွဲခြားထားရှိပြီး ဆားရည်စိမ်မျိုးမှမက်မန်း ဝိုင်၊ မက်မန်းဆားရည်စိမ်၊ မက်မန်းတော်ဖီ စသည်များ ပြုလုပ်နိုင်ပါ သည်။ ယခင်နှစ်များတွင် ကိုဗစ်(၁၉ )ကာလ မက်မန်းသီး ထွက်ပေါ် ချိန်တွင် မက်မန်းအစိမ်းသီး တစ်တင်းလျှင် ၄၅၀ဝ-၆၀ဝ၀ကျပ်ဈေးနှုန်း ရှိပြီး မက်မန်းဆားစိမ် တစ်တင်းလျှင်၁၂၀ဝ၀-၁၃၀ဝ၀ ဈေးရှိပါ သည်။ယခုလက်ရှိ ကိုဗစ်(၁၉) ပြေလျော့ကာလတွင်မက်မန်းသီးစိမ်း မ ထွက် ပေါ်သေးသော်လည်း ယခင်လက်ကျန် မက်မန်းဆားစိမ် ဈေးနှုန်းမှာ၁၆၀ဝ၀-၁၆၅၀ဝကျပ်အထိ ရှိနေခြင်းကြောင့် မေလတွင် စတင်ထွက်ပေါ်မည့် မက်မန်းသီးစိမ်းဈေးနှုန်းမှာ တစ်တင်းလျှင် ၅၀ဝ၀-၈၀ဝ၀ကျပ်ဈေးအထိ ရှိနိုင် ကြောင်း မက်မန်းပွဲရုံလုပ်ငန်းရှင်ထံမှ သိရှိရပါသည်။ ပြင်ဦးလွင်မြို့နယ်တွင်မက်မန်းယို၊မက်မန်းပေါင်း၊ မက်မန်းတော်ဖီ၊ မက်မန်းဝိုင် ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးရေ ၃၇ဦးရှိပြီး မက်မန်းအသင်းအဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်း၊ လုပ် ငန်း ရှင်များသည် မိမိ၏ကုန်ပစ္စည်းအမှတ်တံဆိပ်များအား တရားဝင် မှတ်ပုံတင်ထားရှိကာ (ငီ်္ဗ)၏ စစ်ဆေးမှု ထောက်ခံချက်ရယူပြီး ပြည်တွင်းဈေးကွက်နှင့် ပြည်ပသို့ နယ်စပ်ဂိတ်များမှတစ်ဆင့် တင်ပို့ ရောင်းချလျက်ရှိကြောင်း သိရှိရ သည်။
Background