Main menu

Background

ပြည်ပမှဆန်တန်ချိန် ၆၃ဝဝဝ ကို ဂျပန်ဝယ်ယူတင်သွင်း

Sun, 12/19/2010 - 04:52 -- Anonymous (not verified)

ပြည်ပမှဆန်တန်ချိန် ၆၃ဝဝဝ ကို ဂျပန်ဝယ်ယူတင်သွင်း                 ဂျပန်အစိုးရက ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြည်ပမှဆန်တန်ချိန် ၆၃ဝဝဝ ကိုတင်ဒါစနစ်ဖြင့် ဝယ်ယူခဲ့ကြောင်း ဂျပန် နိုင်ငံ လယ်ယာစိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်းဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှ ဆန်တန်ချိန် ၂၆ဝဝဝ နဲ့ ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၂၅ဝဝဝ ဝယ်ယူခဲ့ပြီး ကျန်ဆန်တန်ချိန် ၁၂ဝဝဝ ကိုသြစတြေးလျမှ ဝယ်ယူခဲ့ကြောင်း၊ ဂျပန်က ကမ္ဘာတွင် ပြောင်းတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သော်လည်း ပြည်တွင်းဆန် ထုတ်လုပ်မှုမှာ လုံလောက်တဲ့နိုင်ငံဖြစ်ပါတယ်။               ဆန်တင်သွင်းရတဲ့အကြောင်းရင်းမှာ ၁၉၉၃ ခုနှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေး ဥရုဂွေးအကြော့ ဆွေးနွေးပွဲ တွင် ဆန်တင်ပို့တဲ့ နိုင်ငံများကို အနိမ့်ဆုံးဈေးကွက် အခွင့်အလမ်းပေးဖို့ သဘောတူညီခဲ့ပြီး ၎င်းအစီအစဉ်အရ တစ်နှစ်ကို အနည်းဆုံး ဆန်တန်ချိန် ၇၇ဝဝဝဝ ခန့် တင်သွင်းလျက်ရှိနေကြောင်း သိရပါတယ်။                                    ပပ