Main menu

Background

ဂျပန်မှ လယ်ယာထွက်ကုန်များ တင်သွင်းရန်တရုတ်နိုင်ငံ သဘောတူညီ

Sun, 12/19/2010 - 04:56 -- Anonymous (not verified)

 ဂျပန်မှ လယ်ယာထွက်ကုန်များ တင်သွင်းရန်တရုတ်နိုင်ငံ သဘောတူညီ                   ဂျပန်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံပိုင် ကုမ္ပဏီတို့က လွန်ခဲ့တဲ့ ၉-၁၂-၂ဝ၁ဝ နေ့က တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံရဲ့ ဆန်နဲ့ ဟင်းသီးဟင်းရွက်များအပါအဝင် လယ်ယာထွက်ကုန်များကို ပိုမိုတင်သွင်းဖို့ အခြေခံ သဘောတူ စာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Nobutaka Tsutsui  က တရုတ်နိုင်ငံ ဘေကျင်းကို အလည် အပတ် ရောက်ရှိရာ တရုတ်နိုင်ငံ အမျိုးသား လယ်ယာစိုက်ပျိုးမှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ ကော်ပိုရေးရှင်းနဲ့ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာကို ချုပ်ဆိုလက် မှတ် ရေးထိုးခဲ့ကြပါတယ်။ ဂျပန်နိုင်ငံက ၎င်းရဲ့နာမည် ကျော်ကြားလှတဲ့ ဟင်းလျာများအတွက် အခွင့်အရေးရယူနိုင်ဖို့ အာရှရှိ အခြား ဒေသများကို လယ်ယာထွက်ကုန်များ ပိုမို တင်ပို့နိုင်ရေးအတွက် ၎င်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်ပါ တယ်။Mr.Tsutsui က ဂျပန်နိုင်ငံရှိ လယ်ယာထွက်ကုန်များရဲ့ လုံခြုံစိတ်ချ ရမှုနဲ့ အရည်အသွေးတို့အကြောင်း ကို တရုတ်နိုင်ငံပိုင်ကုမ္ပဏီနဲ့ တွေ့ဆုံပြီး ပြောကြားခဲ့ရာ တရုတ်နိုင်ငံဘက်မှ လည်း အပြုသဘော တုံ့ပြန်ပြောကြား ခဲ့ပါတယ်။                  ၂ဝဝ၃ ခုနှစ် တရုတ်နိုင်ငံမှ ၎င်းရဲ့ Quarantine Rules (ကူးစက်ရောဂါပိုး ဆိုင်ရာစည်းမျဉ်းစည်းကမ်း များ) ကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံကို ဆန်တင်ပို့မှုများ ရပ်တန့်ခဲ့ပါတယ်။ ၎င်းနောက် ၂ဝဝ၇ ခုနှစ် ဧပြီလအတွင်းမှ နှစ်နိုင်ငံမှ ဆန်ကုန်သွယ်မှု ပြန်လည်ပြုလုပ်ဖို့ သဘောတူညီခဲ့ကြခြင်း ဖြစ်ပါတယ်။                                                                                                           Source:The Japan Times, မျိုးမျိုးထိုက်