၂ဝ၁၁ ခုနှစ်တွင် ဗီယက်နမ်မှ ကမ္ဘာ့ဆန်ဝယ်လိုအားကို ပြည့်မီအောင် တင်ပို့နိုင်မည်လော ကမ္ဘာ့နိုင်ငံများစွာက ဆန်ကို ပိုမို တင်သွင်းနေကြတာကြောင့် ကမ္ဘာ့ ဆန်ဈေးနှုန်းများက ဆက်လက်မြင့် တက်လာဖွယ်ရှိကြောင်း၊ ၂ဝ၁၁ ခုနှစ် တွင် ဗီယက်နမ်က ဆန်တင်ပို့မှုမှ အကျိုးများစွာ ဖြစ်ထွန်းမယ်လို့ မျှော်လင့်လျက် ရှိနေကြပါတယ်။ လာမဲ့ ၂ဝ၁၁ ခုနှစ်တွင် ဆန်ဝယ်လိုအားမှာ များပြားနေသော် လည်း ဗီယက်နမ်အလယ်ပိုင်းဒေသတွင် ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှု၊ မြောက်ပိုင်း တွင် မိုးခေါင်မှုနဲ့ ဓါတ်မြေသြဇာ ဈေးနှုန်းများ တဖြည်းဖြည်းမြင့်တက် လာမှုတို့ကြောင့် ဗီယက်နမ်ရဲ့ ဆန် ထုတ်လုပ်မှုက ရင်လေးဖွယ်ရှိနေကြောင်း လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင် Trinh Van Tien မှ သုံးသပ်ခဲ့ပါတယ်။ ဗီယက်နမ် ပြည်တွင်းတွင်လည်း ဆန်တင်ပို့မှုဈေးနှုန်းမြင့်တက်မှုက ပြည်တွင်း ဈေးမြင့်တက်မှုကို တွန်းအားပေးလိုက် တာ မဲခေါင် မြစ်ဝှမ်းဒေသတွင် ရိုးရိုးဆန် တစ်ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၆ဝဝဝ မှ ၆၂ဝဝ ကြား ခုန်တက်သွားခဲ့ ပါတယ်။ မကြာသေးမီက ဗီယက်နမ် စားသောက်ကုန်အသင်းက ၅ မှတ် ဆန်တစ်တန်ကို ကန်ဒေါ်လာ ၄၇၅ မှ ၅၄ဝ ကိုလည်း ကောင်း၊ ၂၅ မှတ် ဆန်တစ်တန်ကို ၃၅ ဒေါ်လာဈေး တက်ကာ ကန်ဒေါ်လာ ၄၈ဝ ကို ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဒါ့ပြင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဆန်ကုန်သွယ်ရေး မူဝါဒသစ်က စတင်အကုံျးဝင်လာ မှာ ဖြစ်ပြီး ၎င်းဥပဒေအရ ဆန်တင်ပို့သူများ က အနည်းဆုံး ဆန်တန်ချိန် ၅ဝဝဝ ကိုသိုလှောင်ထားနိုင်တဲ့ ကုန်လှောင်ရုံ ရှိရမှာဖြစ်ပြီး တစ်နာရီကို အနည်းဆုံး ဆန်တန်ချိန် ၁ဝ တန်ကို ထုတ်လုပ်နိုင် တဲ့ ဆန်စက်ရှိမယ်လို့ သတ်မှတ်ခဲ့ရာ ၂ဝ၁၁ ခုနှစ်တွင် ဗီယက်နမ်ဆန်တင်ပို့ သူ များက ဆန်ကို ထင်သလောက် တင်ပို့နိုင်ဦးမှာ မဟုတ်ကြောင်း သုံးသပ် လျက် ရှိပါတယ်။ ှSource:english.vietnam.vn, အေးမွန်မွန်လှိုင်
Background
