Main menu

Background

မန်းဝယ်လက်ရှိလာတဲ့ မုံရွာမတ်ပဲ

Sun, 12/19/2010 - 05:42 -- Anonymous (not verified)

မန်းဝယ်လက်ရှိလာတဲ့ မုံရွာမတ်ပဲ              မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာဒုတိယပတ်ဈေးကွက်မှာ မတ်ပဲအသစ်တွေ ရေဦး၊ တန့်ဆည်၊ အရာတော်နဲ့ ချောင်းဦးနယ်ဘက်က ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ မုံရွာခရိုင် မတ်ပဲစိုက်ပျိုးမှုအနေနဲ့ မိုးစိုက်ဧက ၃၅၈ဝ သာရှိခဲ့ပြီး ဆောင်းစိုက်ဧက ၁၃ဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်အားဖြင့် ဒေသတွင်း ခွဲစက်နဲ့ ပဲလက်လီအများဆုံးသုံးဖို့ ဝယ်ယူမှုရှိခဲ့ကာ နယ်တင်ပို့မှုမရှိသလောက် နည်းပါးခဲ့တယ်လို့ သိရပါတယ်။ ယခုနှစ် မိုးရာသီ မိုးစိုက်မတ်ပဲအနေနဲ့ အထွက်တိုးများဖြစ်ပြီး တရုတ်ဝယ်လက်နှစ်သက်မှုရှိလို့ ယခုရက်ပတ် မုံရွာ ကုန်စည်ဒိုင်မှာ တစ်တင်း ၂ဝ၅ဝဝ နဲ့ မန္တလေးအဝယ်ရှိခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ဒီဇင်ဘာဒုတိယပတ်တွင်း မုံရွာကနေ မန္တလေးကို မတ်ပဲတင်း ၁၂ဝဝ ခန့် စီးထွက်ခဲ့တယ်လို့ သိရပါတယ်။                                                                                            ထွန်းလှိုင်