Main menu

Background

ခွဲစက်သမားသာဆွဲတဲ့ ပြည်ကုလားပဲ

Sun, 12/19/2010 - 06:53 -- Anonymous (not verified)

 ခွဲစက်သမားသာဆွဲတဲ့ ပြည်ကုလားပဲ            ပြည်ကုလားပဲဟာ ယခင်တစ်ပတ်က တစ်တင်းကို ၂၄၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်မှာ ၂၃ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ် ရှိပါတယ်။ ဒေသတွင်းခွဲစက်သမားများဖြင့်သာ အရောင်းအဝယ်ရှိပြီး အခြားတိုင်းသို့ တင်ပို့မှုမရှိတဲ့အတွက် အဝယ်အေးဈေးအေးခြင်းဖြစ်ပါတယ်။ မျိုးသမားများမှလည်း အဝယ်ရှိကြောင်း သိရပါတယ်။ မျိုးပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်ဖြင့် ရောင်းချ ကြောင်း သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေနဲ့ တစ်နေ့ကို အိတ် ၂ဝဝ ခန့် သာ ရောင်းဝယ်မှုရှိပါတယ်။                                                                                    လွင်လွင်ဆန်း