Main menu

Background

ဝယ်လက်စုံတဲ့ မုံရွာကုလားပဲ

Sun, 12/19/2010 - 07:06 -- Anonymous (not verified)

ဝယ်လက်စုံတဲ့ မုံရွာကုလားပဲ             မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလ ဒုတိယပတ် ကုလားပဲဈေးကွက်မှာ ဒေသတွင်း လုပ်ငန်းသုံးသမားများနဲ့ နယ်အဝယ်ပုံမှန်ရှိခဲ့လို့ အရောင်းအဝယ် သွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ယခုရက်ပတ်ထဲမှာ ပဲမှုန့်လိုင်းသမားတွေအနေနဲ့ မရှိမဖြစ် လိုအပ်နေတဲ့ ကုလားပဲရိုးရိုးတစ်တင်းကို ၂ဝဝဝဝ ကျပ်၊ ၂ဝ၅ဝဝ ကျပ်ဈေးများနဲ့ ဝယ်ယူမှုရှိခဲ့ပြီး အခြားကုလားပဲဈေးတွေအနေနဲ့ တိုင်ပေတစ်တင်း ၂၁ဝဝဝ ကျပ်မှ ၂၁၅ဝဝ ကျပ်၊ ဗွီတူး တစ်တင်း ၂၃၅ဝဝ ကျပ်မှ ၂၃၇ဝဝ ကျပ်နဲ့ ၉၂၉ တစ်တင်း ၂၃၅ဝဝ ကျပ်အသီးသီး ဈေးတန့်နေတယ်လို့ သိရပါတယ်။ ဒီ တစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ တစ်ရက်ကို အိတ် ၅ဝဝ မှ ၇ဝဝ ကြား နေ့စဉ် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မန္တလေးကို တင်း ၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝ ခန့်စီးထွက်ခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။                                ထွန်းလှိုင်