Main menu

Background

လှောင်လက်တွေဝယ်ယူလို့ အိန္ဒိယကုလားပဲဈေးမြင့်

Sun, 12/19/2010 - 07:08 -- Anonymous (not verified)

လှောင်လက်တွေဝယ်ယူလို့ အိန္ဒိယကုလားပဲဈေးမြင့်          အိန္ဒိယဈေးကွက်တွေမှာ လှောင်လက်တွေလက်ထဲ လက်ကျန်နည်း လာလို့ လက်ရှိဈေးအနိမ့်မှာ ပြန်လည်ဝယ်ယူလာကြတာကြောင့် ကုလားပဲတစ်တန် ကို ရူပီး ၇ဝ (ကန်ဒေါ်လာ ၁ ဒသမ ၅၄) မြင့်တက်ပြီး၊ ရူပီး ၂၅၄၇ဝ (ကန်ဒေါ်လာ ၅၆၁) နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စိုက်ဧရိယာတွေ မြင့်တက် နေတာကြောင့် လာမယ့်ရက်တွေ ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ မိုးရွာသွန်းနေတာကြောင့် အချို့ဒေသများမှာ စိုက်ပိုျးမှုနှောင့်နှေးနေသလို အချို့ဒေသ စိုက်ပိုျးထားတဲ့ အပင်များ ပျက်စီးတယ်လို့ သိရပါတယ်။ အဲဒီသတင်းတွေအရ ကာလတိုအတွင်းတော့ ဈေးခိုင်မာနေဦးမယ် လို့ အချို့ကသုံးသပ်ကြပါတယ်။ ဒေလီ လက်ငင်းဈေးကွက်မှာ ကုလားပဲတစ်တန်ကို ရူပီး ၈၃ ဒသမ ၅ (ကန်ဒေါ်လာ ၁ ဒသမ ၈၃) မြင့်တက်ပြီး ရူပီး ၂၄၅ဝဝ (ကန်ဒေါ်လာ ၅၄ဝ) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမုံံနံနာ၊ှSources: commodityonline